ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်Chapter.44.
စဝ်စံထွန်းဆေးရုံရှေ့ထဲက ပန်းခြံထဲမှာ သူမ ဆေးစစ်အဖြေလွှာကိုကိုင်ရင်း အသိမဲ့နေခဲ့တယ်
Lukemia တဲ့
သူမ ဘာအပြစ်များလုပ်ထားမိလို့ပါလိမ့်
အခုလိုအပြစ်ကြီးကြီးမားမားပေးဆပ်နေရတာက
သူမ ငိုချင်ရင်တောင် မျက်ရည်ကထွက်မလာဘူး
ပတ်ဝန်းကျင်မှာသွားနေတဲ့ လူတွေကားတွေ အရာအားလုံးတိတ်ဆိတ်သွားပြီး သူမတစ်ယောက်ထဲပဲကျန်နေတေ့ာသလိုခံစားနေရတယ်
တကယ်တော့ သူမကိုယ့်ကိုသတိမထားမိတာဖြစ်မယ်
သွေးအားနည်းရောဂါရှိနေပေမဲ့ အဲ့ရောဂါက သွေးကင်ဆာရဲ့အစောပိုင်းအဆင့်ဆိုတာကို ဘယ်သူမှသူမကိုပြောမပြခဲ့ဘူးလေ
အခုတော့ .....
သူမဘာဆက်လုပ်ရတော့မှာလဲ
ဘာရှင်သန်မူ့မှမရှိတော့သလိုမျိုးခံစားရတယ်
သူမ အိမ်ကိုဘယ်လိုပြန်ရောက်သွားလဲမသိတော့ဘူး
သူမအမေလက်ထဲ ဆေးစစ်စာရွက်ကိုပေးလိုက်ပြီးတာနဲ့ အိပ်ရာထဲဝင်သွားပြီးလှဲနေတော့တယ်
ဘာသံမှကိုမကြားရတာ
သူမ ဘာကိုမှမသိတော့တာ
အရာအားလုံးကိုစွန့်လွတ်လိုက်ရသလိုပဲ
မျော်လင့်ချက် ပျော်ရွင်မူ့ စိတ်ဆန္ဒ အရာအားလုံးပဲ
သူမဆုပ်ကိုင်ထားတဲ့အရာအားလုံးက ခနလေးအတွင်းမှာ ပျောက်ပျက်သွားခဲ့သလိုခံစားရတယ်
"မိုး မိုး "
အချိန်ဘယ်လောက်ကြာသွားလဲ သူမ မသိတော့ဘူး
အခနး်ထဲဝင်သွားပြီးထဲက တံခါးပိတ်ပြီး သူမဆီကဘာသံမှထွက်မလာတော့တာ
သူမ အိပ်ပျော်သွားတာလား
မအိပ်ဘူးလား သဲသဲကွဲကွဲမသိတော့ဘူး
ရင်ခုန်နေတာလဲမဟုတ်သလို။ရင်နာနေတာလဲမရှိဘူး
အသက်ရှူနေပေမဲ့ လူသေအတိုင်းလိုပဲ

BẠN ĐANG ĐỌC
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Viễn tưởngown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...