ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.37.
"အဲ့လိုကိုး ကိုယ်ကမှားတာ အဲ့တုန်းထဲကမေးလိုက်ရမှာ "
သူမရဲ့ခါးသိမ်သိမ်လေးကိုေနာက်မှဖက်ထားရင်း မွှေးပျံ့နေတဲ့ဆံနွယ်တွေကိုနမ်းရှိုက်လိုက်တယ်
"နင်ရော ဘယ်တွေရောက်နေတာလဲ "
"ကိုယ်ကတော့ ဒီလိုပဲပေါ့ မင်းကြောင့်အသဲကွဲသွားလို့ရှန်ဟိုင်းကိုပြေးသွားလိုက်တာနဲ့ကိုယ့်အဖေလက်ထဲမှာဂွိခနဲမိသွားတော့တာပဲ "
"ဪ...."
သူမရဲ့အထိအတွေ့ အနံ့အသက်နဲ့ စကားသံချိုချိုလေးတွေကိုနားထောင်ရင်း သူ့ရင်ထဲစမ်းချောင်းလေးဖြတ်စီးဆင်းသွားသလို အေးမြနေခဲ့တယ်
အခုမှ သူ့ကိုယ်သူလဲ သတိထားမိတယ် သူမနဲ့ဝေးနေတဲ့အချိန် သူအရမ်းပူလောင်နေခဲ့တာပဲ
အလုပ်တွေပိ စိတ်ဓာတ်တွေကျ အဲ့အချိန် သူမဘေးပြန်လာဖို့တွေးလိုက်တိုင်း သူပြန်အဆင်ပြေခဲ့ရတယ်
နောက်တော့ သူမကိုကလေးတစ်ယောက်နဲ့တွေ့လိုက်ပြီးထဲက သူလဲ နတ်ဆိုးတစ်ယောက်လိုပြောင်းလဲသွားတော့တယ်
အသက်မရှိတော့တဲ့လူတစ်ယောက်လိုမျိုးပဲ
ပိုရက်စက်လာပြီး ပိုကြမ်းတမ်းလာခဲ့တယ်
သူ့အကြည့်တချက်နဲ့တင် ကြောက်ရွံ့ချွေးထွက်သွားတဲ့သူတွေဒူးနဲ့ဒေးပဲ
"လာ ကိုယ့်နောက်လိုက်ခဲ့"
"အာ ဆိုင်ကယ်ကဘယ်လိုလုပ်မှာလဲ "
"ရတယ် ကိုယ့်အောက်ကလူတွေကိုလာသိမ်းခိုင်းလိုက်မယ် ကိုယ်တို့ စကောထမင်းသွားစားကြရအောင် ဟိုတခေါက် ရှန်ဟိုင်းကလာတဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလိုက်ကျွေးတုန်းက မိုးကိုအရမ်းသတိရခဲ့တာ "
သူမ ပြုံးပြီး သူ့ကိုခေါင်းညိတ်ပြတယ်
သူမျက်နှာပေါ်ကအပြုံးတွေလဲမရပ်နိုင်တော့ဘူး
တစ်ယောက်ယောက်သာတွေ့ရင် နတ်ဆိုးဘုရင်ကြီးတော့ရူးနေပြီလို့ပြောမှာအမှန်ပဲ

YOU ARE READING
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...