chapter.28.uni

1.2K 61 1
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.28.

အမျိုးသားတစ်ယောက်က ပါတီပွဲမှာ ပန်းချီဆရာတစ်ယောက်နဲ့စကားပြောနေပြီး သူ့ရဲ့ပုံတူဆွဲပေးဖို့စည်းရုံ‌းနေတယ်

ဒီအမျိုးသားက အရမ်းချောပြီး အဆင့်အတန်းမြင့်ပေမဲ့ မြို့‌မှာရှိတဲ့မိန်းမငယ်လေးတွေကိုဖျက်ဆီးတတ်လို့မုန်းတီးတဲ့သူများတယ်

ဒိီလိုနဲ့ သူ့ရဲ့ပုံတူပန်းချီကိုရပြီးတဲ့နောက်မှာ သူ့ရဲ့ဒုစရိုက်စိတ်ကလဲရဲတင်းလာပြီး ပန်းချီမှာရောင်ပြန်ဟပ်လာခဲ့တယ်

တနေ့ ထပ်ခိုးပေါ်မှာရှိတဲ့သူ့ရဲ့ပုံတူပန်းချီကိုလှန်ကြည့်လိုက်တယ်

သူဘယ်လောက်ဒဏ်ရာရရ မိနစ်ပိုင်းအတွင်းပျောက်သွားတာချည်းပဲ

ဒါပေမဲ့ ဘယ်သူထင်မှာလဲ သူလုပ်သမျှ သူရသမျှဒဏ်ရာတွေအကုန်လုံးဟာ သူ့ရဲ့ပံုတူပန်းချီမှာပေါ်နေခဲ့တယ်

ကြည့်ရဆိုးလွန်းလို့သူတောင်မကြည့်ရဲတဲ့အထိပဲ

ပုံတူပန်းချီပေါ်လွှမ်းထားတဲ့ပိတ်စကိုသူလှန်ကြည့်လိုက်တယ်

"အားးးးး "

မိန်းကလေးအချို့ရဲ့အော်သံဟာ ရုပ်ရှင်ရုံမှာပျံ့လွင့်နေလာတယ်

သူမလဲ လက်ဆယ်ချောင်းကြားထဲမှ ချောင်းကြည့်လို့နေတယ်

အဲ့အမျိုးသားက သူ့ရဲ့ပုံတူပန်းချီကိုဖွင့်လိုက်ပေမဲ့ သူမမျက်စိအမြန်မှိတ်လိုက်တာကြောင့် သူမဘေးကသူက တခွီးခ္ီ္ွးရယ်သံတောင်ထွက်လာခဲ့တယ်

"ကြောက်ရင်လဲ ဘာလို့ကြည့်နေလဲ လာကိုယ့်ရင်ခွင်ထဲလာခဲ့"

"မလာပါဘူး ဇတ်ကားကကောင်းနေပြီ "

သူ့လှည့်ကွက်‌ထဲကျသွားရအောင် သူမကအရူးလား

ကြောက်တော့ကြောက်တယ် ဒါပေမဲ့ ကြောက်ရတဲ့ဖီလင်ကလဲမိုက်တာမို့

သူမအဖို့ကတော့ သရဲကားကို‌ကြည့်လဲကြည့်တယ်ကြောက်တယ်ဆိုတဲ့အမျိုးအစားထဲကပါတယ်

သူမဇတ်ကားထဲအာရုံပြန်ရောက်သွားတုန်း သန်မာတဲ့လက်တဖက်က သူမခါးကိုဖက်လာကာ ပခုံးတဖက်ကလဲလေးလံသွားခဲ့တယ်

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Donde viven las historias. Descúbrelo ahora