ch.3.zgi

300 16 0
                                    

ဆားမပါတဲ့ဟင်း ယုံကြည်ခြင်းမခံရတဲ့အချစ်

Chapter.3.

အဲ့နေ့ကလဲ သူမရဲ့ဘဝဟာ အရင်လိုအလုပ်များများနဲ့ပဲလည်ပတ်နေခဲ့တယ်

အလုပ်တွေတပုံကြီးကြားထဲက တိုးထွက်လာခဲ့ပြီး uniကိုလမ်းလျောက်လာခဲ့တာပေါ့

အဲ့အထိကတော့အေးဆေးပဲ

ပြသနာက သူမ လျှာရှည်ပြီးမုန့်ဝင်ဝယ်တဲ့အချိန်ကစတာပဲ

‌မုန့်ဆိုင်အရှေ့မှာရပ်ထားတဲ့ဆိုင်ကယ်ကိုတွေ့တော့လဲ အမှတ်တမဲ့ပဲ သတိမထားမိဘူး

အမှန်ဆို ‌အဲ့နေ့ကမုန့်မစားပဲ ဒီအတိုင်းရှောင်ကွင်းသွားလိုက်ရမှာ

ဒါဆိုအခုလိုဖြစ်စရာအကြောင်းမရှိတော့ဘူးပေါ့

သူမက ငှက်ပျောသီးအခြောက်ကျော်ကိုကြိုက်တယ် လမ်းလျောက်သွားရင်းတခါတလေ စားတတ်တယ်

ပြီးတော့ ပီကေ ခံတွင်းရှင်းပြီး အနံ့အသက်ကင်းအောင် ပရုတ်အနံ့ပါတဲ့ပီကေကိုဝါးတတ်တယ်

ဟမ်း အဲ့နေ့ကလဲ အဲ့လိုပဲ ပီကေလေးဝါးနေရင်း မုန့်ဝယ်ဖို့ဆိုင်ထဲကိုဝင်သွားခဲ့မိတာ

လိုချင်တာယူပြီးပိုက်ဆံရှင်း အဲ့အထိအဆင်ပြေနေတုန်း

ငှက်ပျောသီးခြောက်စားမလို့ ဝါးထားတဲ့ပီကေကိုထွေးထုတ်လိုက်တဲ့အခါ လူတစ်ယောက်ရဲ့ခြေထောက်‌ပေါ်သွားကျတယ်

အကောင်းစားဖြစ်ပုံရတဲ့ဖိနပ်ကိုတွေ့လိုက်ရတော့ သူမလဲပူထူသွားတာပေါ့

အဲ့လူက ဆိုင်ကယ်ကိုခွထိုင်ထားပြီး လက်ပိုက်ထားကာ သူ့အပေါင်းအဖော်တွေကိုစောင့်နေတဲ့ပုံပဲ

သူမကလဲ ရေချိုးပြီးစဆံနွယ်တွေကို ဒီအတိုင်းဖြန့်ချထားခဲ့မိတယ်

သူမလုပ်တဲ့အရာမို့ တဖက်လူကိုအားနာပြီး သူမဆောင်ထားတတ်တဲ့တစ်ရှူးကိုထုတ်ကို ပီကေကိုပြန်ကောက်အမှိုက်တောင်းထဲပြန်ထည့်ပြီး တဖက်လူကိုတောင်းပန်လိုက်တယ်

"Sorry နော် "

အဲ့လိုရိုရိုကျိုးကျိုးတောင်းပန်ပြီး လှည့်ထွက်လာတာလေ

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Onde histórias criam vida. Descubra agora