ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.36.
"မင်းက ဘာလို့ဒီရောက်နေတာလဲ "
တိုင်ရှန်း မျက်နှာပျက်ပျက်နဲ့အော်ပစ်လိုက်တယ်
သူ့ကိုသစ္စဖောက်ခဲ့တဲ့မိန်းမက သူတို့ရဲ့နောက်ဆုံးအမှတ်တရတွေရှိနေတဲ့နေရာကိုရောက်နေပြီး ဘာလုပ်ချင်နေတာလဲ
သူအော်လိုက်တဲ့အသံကြောင့် သူမတကိုယ်လုံးလှုပ်ခါသွားခဲ့တယ်
သူမက အသက်သာကြီးလာတယ် အဲ့အကျင့်ကမပျောက်သေးဘူးပဲ
"ဒီနေရာမှာဘာလုပ်နေတာလဲ"
"တောင်း.....တောင်းပန်ပါတယ် ငါ ငါထွက်သွားပေးပါ့မယ်"
ရှိုက်သံတစွန်းတစနဲ့ပြောလာတဲ့သူမရဲ့စကားသံတွေက သူ့ကိုပိုစိတ်ဆိုးလာစေတယ်
သူမကဘာလို့ငိုနေတာလဲ
သူ့နဲ့ပြန်တွေ့လိုက်ရလို့လား
ဟွန်း....
သူဘာတွေတွေးနေတာလဲ မဖြစ်နိုင်တာကြီးကို
သူမက သူ့ကိုမျက်နှာချင်းမဆိုင်ပဲ ခေါင်းကိုတချိန်လုံးငုံ့ထားတယ်
ဆိုင်ကယ်ကိုဖွင့်နေတဲ့လက်တွေကလဲတုန်ရီလို့
သော့ပေါက်ထဲရောက်မလိုလိုဖြစ်နေပြီ တဆတ်ဆတ်တုန်ယင်နေတယ်
သူ မနေနိုင်တော့ဘူး
ဒီလိုပုံစံနဲ့ သူမဘယ်ကိုသွားချင်နေတာလဲ
သူမအနားသွားကာ လက်ကိုဆောင့်ဆွဲပစ်လိုက်ပြီး မေးကိုဆွဲမော့ကာ သူမမျက်ဝန်းတွေထဲစိုက်ကြည့်ပစ်လိုက်တယ်
ဒါပေမဲ့ ရစ်ဝိုင်းနေတဲ့မျက်ရည်တွေဟာပုလဲလိုတောက်ပနေပြီး ကျလုဆဲဆဲအခြေအနေက သူ့ကိုဆွံ့အသွားစေတယ်
သူရဲ့အရည်ပျော်လုလုနှလုံးသားက တစုံတခုကိုစဉ်းစားမိတဲ့အခါ သူရင်တခုလုံးတင်းကျပ်သွားတော့တာပဲ
"ဘာဖြစ်ချင်နေတာလဲမင်းက ဟမ် ငါ့ကိုသနားလာအောင်လား ဒါမှမဟုတ် မင်း....မင်း...ဟာကွာ "
သူစိတ်တိုစွာနဲ့ ဘေးနားက ထင်းရှူးပင်ကို လက်သီးနဲ့အားကုန်ထိုးပစ်လိုက်မိတယ်
KAMU SEDANG MEMBACA
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasiown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
