chapter.47.uni

1.7K 71 3
                                    

ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်

Chapter.47.

နေရောင်က မှန်ပြတင်းကိုဖြတ်ပြီး အခန်းထဲကိုဝင်ရောက်လာတယ်

စောင်ကိုခါးတဝက်သာခြုံ ထားတဲ့သူမလေးရဲ့လှစ်ဟနေတဲ့အပေါ်‌ပိုင်းမှာ နီတကွက် ပြာတကွက် စိမ်းတကွက်ဖြစ်နေဆဲ အချစ်အမှတ်အသားများကအပြည့်

ငြိမ်းချမ်းစွာအိပ်ပျော်နေတဲ့သူမလေးရဲ့ပုံသဏ္ဍန်က အနဲငယ်ဖြူဖျော့နေပေမဲ့ နှစ်လွှာသောနှုတ်ခမ်းများကတော့ ကျေနပ်တဲ့ဟန်နဲ့အသာအယာ‌တွန့်ကွေးလို့နေတယ်

သူပြတင်းပေါက်ကိုမှီထားရင်း သူမလေးကိုစိုက်ကြည့်နေမိတာ

ခေါင်းအုန်းအဖြူပေါ်ပျံ့ကျဲနေတတ်တဲ့ရေတံခွန်လိုဆံပင်ရှည်တွေကလဲ အခုတော့ လည်ပင်းတဝိုက်နားတိုတိုတိတိအညှပ်ခံထားရတယ်

ဆံပင်ရှည်တွေအညှပ်ခံလိုက်ရစဉ်က သူတင်မက သူမလေးပါ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြတာကိုသတိရမိတယ်

ခြောက်လ ‌.....

ရှန်ဟိုင်းရောက်နေတာခြောက်လတိုင်ခဲ့ပြီ

သူမလေးရဲ့ခွင့်ရက်လဲပြည့်ပြီ

သူမလေးရဲ့ကျန်းမာရေးစောင့်ရှောက်မူ့ကလဲ စိုးရိမ်စရာမရှိတော့ဘူး

ဓာတ်ရောင်ခြည်နဲ့ကြာရှည်စွာကုသမူ့ခူယူထားရလို့ သူမအသားအရေဟာအနဲငယ်ဖြူဖျော့နေပေမဲ့ ကံကောင်းစွာနဲ့ သူမလေးကအမြဲပြုံးနိုင်ခဲ့တယ်

မလျော့တဲ့ဇွဲနဲ့ အားတင်းခဲ့လို့ရော အမှတ်မထင်ဆေးစစ်မိတဲ့သူမလေးရဲ့ကံအကြောင်းတရားကြောင့်ရော အစပျိုးအဆင့်သာရှိသေးတဲ့ကင်ဆာဆဲလ်တွေကို ဓာတ်ရောင်ခြည်နဲ့ကုသဖယ်ရှားနိုင်ခဲ့တယ်

အစားအသောက်ဆင်ခြင်ပြီး ကျန်းမာရေးကိုဂရုစိုက်မယ်ဆိုရင် သူမလေးက ဆံဖြူသွားကျိုးတဲ့အထိ သူနဲ့အတူရှိနေနိုင်တော့မှာ

သူရပ်‌နေရာမှ အိပ်ရာထဲပြန်သွားလိုက်ပြီး သူမလေးကိုအနမ်းတွေနဲ့နိုးလိုက်တယ်

သူမလေးရဲ့မျက်ခုံးတန်းလေးတွေဆီ သူမလေးရဲ့နှာတံချွန်ချွန်လေးဆီ သူမလေးရဲ့ပါးမို့မို့လေးဆီ နောက်တော့ သူမလေးရဲ့လှစ်ဟနေတဲ့အစိတ်အပိုင်းတွေဆီ

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Nơi câu chuyện tồn tại. Hãy khám phá bây giờ