ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.10.
အခြားအိမ်တွေနဲ့ခြားနားစွာ သင်းရနံ့မိုးတစ်ယောက်ကတော့ အိမ်အပြန်လမ်းမှာဘုရားတပြီးပြန်လာခဲ့ရတယ်
"ဟဲ့ ရနံ့ ညည်းလာစမ်း "
"ဟူးးးးး "
သူမရဲ့တင်းထားတဲ့စိတ်တို့ကို ကြောက်လန့်တကြား ဖြေချလိုက်မိတယ်
လာပါပြီ သူမရဲ့အိမ်မက်ဆိုးကြီး
"ငါပြောပါဦးမယ် ညည်းကို မုန့်ဖိုးပေးထားတာမလောက်လို့ ညည်းကအဲ့ဆိုင်သွားနေတာလား ဒါမှမဟုတ် ညည်းလင်ရှာနေတာလား ညည်းဆောက်ချိုးကိုငါမသိဘူးမထင်နဲ့နော် လာ ထိုင်စမ်း ပြောစမ်းပါဦး အဲ့ဆိုင်က ဘယ်လောက်ပေးလို့ ညည်း တမ်းတမ်းစွဲဖြစ်နေရတာလဲ "
စပါပြီ ပရိတ်တွေပဌန်းေတွထက်ပိုကြာတဲ့ တဖက်သတ်မိန့်ခွန်းတွေလာပါပြီ
သင်းရနံ့ ပင်ပန်းနေတဲ့ကိုယ်ကိုသယ်ကာ ဧည့်ခန်းမှာကျုံကျုံလေးထိုင်ရင်း သူမရှေ့က အတိုင်အဖောက်ညီညီဆူဆဲနေကြတဲ့ အမေရယ် အဘွားရယ် ဦးလေးရယ် သုံးယောက်ကိုမျက်နှာငယ်လေးနဲ့ကြည့်ပြီးဘာမှလဲပြန်မပြောရဲ
သူတို့ပြောနေတာ ဟုတ်ချင်ဟုတ် မဟုတ်ချင်နေ
ဘာမှပြန်မပြောမှ ပါးစပ်ပိတ်ထားမှ
မဟုတ်တာကိုမဟုတ်ဘူးလို့ပြောရင်လဲ ပြန်ခံပြောတယ် ယဉ်ကျေးမူ့မရှိဘူး ကလေးကိုဘယ်လိုဆုံးမထားတာလဲ လင်စောစောရမှာ အရက်သမားနဲ့ရပြီးအရိုက်ခံရမှာမှတ်မှာ
အဲ့သလိုစကားတွေက တနှစ်လောက်ကြာတယ်ထင်ရအောင် နားေထောင်ရတော့တာ
မုန့်ဖိုးကိုလဲ လောက်အောင်မပေး
ကျောင်းကငွေကောက်လို့ပိုက်ဆံတောင်းရင်လဲမယုံ
စုထားတဲ့ပိုက်ဆံလေးနဲ့အကျင်္ ီအသစ်ဝယ်ဝတ်တာမြင်ရင်လဲ ကျောင်းကမတောင်းပဲလိမ်တောင်းပြီးဝယ်ဝတ်တာလို့ပြောဦးမှာ
ဒီနေ့လဲ နဲနဲေလးနောက်ကျတာကို ပြောမဆုံးပေါင်တောသုံးထောင်ဖြစ်နေကြပြန်ပြီ
BẠN ĐANG ĐỌC
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Viễn tưởngown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...
