ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.23.
လေချွန်ပြီးဝင်လာတဲ့သူ့ကြောင့် ဧည့်ခန်းမှာထိုင်နေကြတဲ့ညီအကိုတွေက တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ပြကာ သိချင်စိတ်တွေထိန်းမရဖြစ်နေကြတယ်
အမေဖြစ်သူကလဲ သစ္စပနိးတွေကိုပန်းအိုးထိုးနေရင်းမှသူမသားဖြစ်သူကိုမော့ကြည့်တယ်
အားလုံးရဲ့အကြည့်ရှေ့မှာပဲ သူကတော့ လေလေးတချွန်ချွန် မြောက်ကြွမြောက်ကြွနဲ့အပေါ်ထပ်က အိပ်ခန်းထဲဝင်သွားခဲ့လေရဲ့
ကျန်ရစ်ခဲ့သူတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ဟိုကြည့်သည်ကြည့်တွေဖြစ်ကုန်ကြတော့တာပေါ့
"တိတိ(ညီငယ်လေး)က ပျော်စရာတခုခုကြုံလာပုံရတယ်"
"အင်း "
လွန်ခဲ့တဲ့ရက်တွေကပဲ လဒမှိုင် မှိုင်နေတဲ့သူက အခုတော့လဲ နေမင်းကြီးလိုလင်းလို့ထိန်လို့
ကမ်းမမြင်လမ်းမမြင်ပျော်မေလိုက်တာများ
မေးစေ့ကိုလက်နဲ့ပွတ်ရင်းထိုင်ေနတဲ့တိုင်ရှင်းက အလင်းရသွားတဲ့ပုံနဲ့ လက်ဖျောက်တီးလိုက်ကာ
"ဟမ် တိတိကသူ့ကောင်မလေးနဲ့အဆင်ပြေသွားတာများလား"
သူ့စကားကြောင့် အားလုံးကအပေါ်ထပ်ကိုမော့ကြည့်လိုက်ကြပြန်တယ်
နောက်တော့ လုပ်လက်စအားလုံးကိုချပြီး သုံးယောက်လုံးအပေါ်ထပ်ကိုချီတက်သွားကြလေရဲ့
တိုင်ရှန်းတစ်ယောက်ကတော့ ရေချိုးခန်းထဲကို လေလေးတချွန်ချွန် သီချင်းလေးတညည်းညည်းနဲ့ ဝင်သွားခဲ့တယ်
ခြေလှမ်းတိုင်းကလဲ မြောက်ကြွမြောက်ကြွနဲ့ပေါ့
ရေချိုးရင်းသူမရဲ့အရှက်သည်းနေတဲ့မျက်နှာ မျက်ရည်ဝဲနေတဲ့မျက်နှာ နဲ့ပြုံးနေတဲ့မျက်နှာလေးတွေက သူ့အတွေးထဲမှာပေါ်လာပြန်တော့ အရူးတစ်ယောက်လိုအော်ရယ်နေမိပြန်တယ်
"ဝူးးးး မိုးကအရမ်းချစ်ဖို့ကောင်းတာပဲ အားး ကိုက်စားပစ်ချင်တယ် "

VOCÊ ESTÁ LENDO
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasiaown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...