ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.24.
လူတိုင်းမှာလောဘဆိုတာရှိကြတယ်
အချစ်မှာပျော်ဝင်နေတဲ့သူတွေအတွက်ဆိုပိုလို့ဆိုးတာပေါ့
ချစ်သူကို ကြိုပေးချင်တယ် ပို့ပေးချင်တယ်
တခုခုဝယ်ကျွေးတာ တခုခုဝယ်ပေးတာမျိုးလုပ်ပေးချင်တယ်
ချစ်သူနဲ့နှစ်ယောက်အတူထိုင်ချင်တယ်
သူမရဲ့နေ့စဉ်တာဝန်တွေကိုလျှော့ပေါ့အောင်လုပ်ပေးချင်တယ်
ချစ်သူနဲ့အတူလျောက်လည်မယ် လျောက်သွားမယ်
ပါးလေးကိုင်တာ လက်လေးနမ်းတာ နှုတ်ခမ်းလေးကိုနမ်းတာ ဆံပင်လေးကိုသပ်ပေးတာ အစရှိသဖြင့်ပေါ့
အထူးသဖြင့် သူ့လိုအရမ်းချစ်တတ်တဲ့သူအတွက်တော့ သူမနားမှာကော်လိုပဲအမြဲကပ်ချင်နေတော့တာလေ
ပြသနာကအဲ့ဒါပဲ
သူမအတွက် အဲ့ဒါတွေကပြသနာတဲ့
သူ့အတွက်ကတော့ အဲ့လိုမလုပ်ရရင်မှပြသနာ
ဖြစ်သင့်ရဲ့လား
သူမက သူလုပ်ချင်သမျှတွေအကုန်တားဆီးထားတယ်
ကြိုချင်တယ်ပို့ချင်တယ် အမေ့ရဲ့မိတ်ေဆွတွေတွေ့ရင်ပြန်တိုင်လိမ့်မယ်တဲ့
တခုခုဝယ်ကျွေးတာ သူမရဲ့ကိုယ်ပိုင်ပိုက်ဆံတွေကိုထုတ်လာတယ် အလကားမစားချင်ဘူးတဲ့
တခုခုဝယ်ပေးတာဆိုရင်လဲ အသည်းအသန်ငြင်းပြီးပတ်ပြေးတယ် သူများဟာကိုအလကားမယူရဘူးတဲ့
နှစ်ယောက်ထဲအတူတူထိုင်မယ်ဆိုတော့လဲ သူ့သူငယ်ချင်းနှစ်ယောက်ကအမြဲပါတယ် ကျောင်းစည်းကမ်းထိမ်းသိန်းရေးအဖွဲ့မှာ သူ့အမေရဲ့သူငယ်ချင်းရှိတယ် ပြန်တိုင်လိမ့်မယ်တဲ့
သူမရဲ့နေ့စဉ်တာဝန်တွေလျော့ပေါ့အောင်လုပ်ပေးမယ်ဆိုတော့လဲ အထင်သေးတာလားတဲ့
အမ်းးး ဒိီမိန်းကလေးက ပြောရဆိုရလက်ပေါက်ကပ်ပြီးအရမ်းခေါင်းမာတာမှပြောမနေတော့နဲ့

BẠN ĐANG ĐỌC
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Viễn tưởngown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...