Chapter.13.
"သင်း..... ရနံ့ ....မိုး "
အံကြိတ်သံနဲ့ခေါ်လာတဲ့ ထိုလူရဲ့အသံဟာ ရေခဲမှတ်ကိုရောက်နေတဲ့အလား အေးစက်နေခဲ့တယ်
သင်းရနံ့လဲ အတင်းတည်ငြိမ်ဟန်ဆောင်ထားရပြီး သိသာစွာတုန်ရီနေတဲ့ဒူးကိုငြိမ်အောင်ပြုလုပ်လိုက်ရင်း တုန်ခါနေတဲ့သူမရဲ့အသံလှိုင်းကိုလဲ အတင်းပြုပြင်လိုက်ပြီး ယုယတို့အဖွဲ့ကို ဆိုင်မှအတင်းနှင်လွတ်လိုက်တယ်
"ယုယ သီရိ နင်တို့ကျောင်းသွားကြတော့လေ ငါ့ကိုကျောင်းပန်းခြံမှာခနစောင့် "
သူမရဲ့စကားမဆုံးသေး ထိုလူက ဝင်ပါလာပြန်တယ်
"မလိုဘူး သင်းရနံ့မိုးဒီနေ့ကျောင်းမတက်ဘူး ပြီးတော့ ဒီနေရာကနေ ဘယ်သူမှမသွားရဘူး "
ထိုင်ရမလို ထရမလိုဖြစ်နေတဲ့ ယောကျာ်းလေးနှစ်ယောက်က လဲ မျက်မှောင်ကြုတ်ကာ ထိုလူကိုစိုက်ကြည့်နေလေပြီ
သင်းရနံ့ကတော့ ရန်လိုနေမူ့တစ်ထောင်နဲ့ဂေါ်နေတဲ့ ထိုလူကိုကြည့်ကာ ဒေါသထွက်လာသလို စိတ်လဲတိုနေပြီ
ဟိုမိန်းကလေးနှစ်ယောက်ကလဲအရေးကြုံတော့ တစ်ယောက်လက်တစ်ယောက်ကိုင်ကာ ထောင့်မှာကပ်နေကြတယ်
သူမတို့အမြဲတမ်းကြားနေရတယ် ဒီတက္ကသိုလ်ကျောင်းရဲ့ မဟာယနအဖွဲ့ဘယ်လိုဆိုးကြောင်း ဘယ်လိုမိုက်ကြောင်းနဲ့ တစ်ယောက်ထိရင်တဖွဲ့လုံးဆင်းလာပြီးဝိုင်းဖဲ့တတ်ကြတဲ့အကြောင်းကိုရောပေါ့
တကယ်လို့ အဲ့ဒါဟာ သူတို့ဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်တဲ့သူဆိုရင် သူမသူငယ်ချင်းနဲ့ပါလာတဲ့ယောကျာ်းလေးနှစ်ယောက်ဟာ အရိုးတခြအသားတခြားအခြေအနေကိုရောက်သွားမှာပဲ
တစ်ယောက်က မန္တလေးကမို့မသိဘူး
တစ်ယောက်က ကွန်ပျူတာကျောင်းကမို့မသိဘူး
စိန်ခေါ်လိုတဲ့အကြည့်နဲ့ကြည့်ရဲတာကိုပဲ လက်ခုပ်တီးရမလား
ဘာကိုမှဂရုမစိုက်ပဲသူရဲကောင်းဝင်လုပ်တတ်တာကိုပဲဂုဏ်ပြုရမလားမသိပေမဲ့ သိပ်မကြာခင်မှာ နှစ်ယောက်လုံးအနွာခံရတော့မယ်ဆိုတာကိုတော့ကြိုသိနေပြီ

BẠN ĐANG ĐỌC
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Viễn tưởngown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...