ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်
Chapter.29.
သူမဘဝဟာ အလုပ်များလွန်းသော်လည်း ဖြောင့်တန်းတယ်
သူမအမေစီစဉ်ပေးတဲ့လမ်းပေါ်လျောက်လိုက်ရုံပင်
ပန်းခင်းလမ်းဆိုလဲ ပျော်ပျော်ကြီးလျှောက်ပစ်လိုက်တယ်
ဆူးခင်းလမ်းဆိုလဲ ပျော်ပျော်ကြီးချုံတိုးပစ်လိုက်တာပင်
သူမသဘောနဲ့သူမလုပ်တာဆိုလို့ သူ့နဲ့ရည်းစားဖြစ်ခဲ့တာရယ် ဘဝမှာအကောင်းဆုံးသူငယ်ချင်းနှစ်ယောက်ရထားခဲ့တာရယ်သာ
ထို့အတွက် သူမမှာ ဆန့်ကျင်တဲ့သဘောထားရှိလာဖို့ဆိုတာ အင်မတိအင်မတန်မှရှားလွန်းလှပြီး အားလုံးရဲ့ဖိအားပေးမူ့အောက်တွင်ပြားနေခဲ့တဲ့ဖားငယ်လေးတစ်ကောင်လဲဖြစ်ခဲ့လေတယ်
သူမကအရှက်ကြီးတယ်
ဒါက သူမအမေ ဘယ်မှမလွှတ်လို့ပေါင်းသင်းဆက်ဆံရေးမှာညံ့ဖျင်းလာတယ်လို့ဆိုတာပဲ
သူမကဂရုမစိုက်တတ်ဘူး
ဒါကလဲ သူမရဲ့နားထဲစကားပေါင်းများစွာသိမ်းဆည်းထားရတဲ့အခါ ကျန်တာတွေကမေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့တဲ့သဘောပင်
သူမလိုလူမျိုးဟာ လက်ဖက်ရည်ဆိုင်ရှေ့တောင်ဖြတ်မလျှောက်ရဲပဲ တစ်ယောက်ယောက်ကစိုက်ကြည့်နေရင်းလဲ သူမဆီမှာတခုခုမှားနေတာလား အဲ့လိုရိုးရိုးရှင်းရှင်းတွေးတတ်တဲ့သူသာဖြစ်တယ်
ဒါပေမဲ့ လူတွေအားလုံးမှာ အထိမခံနိုင်တဲ့အကြေးခွံတခုစီတော့ရှိတတ်ကြတယ်
အဲ့လိုပဲ သူမရဲ့လျို့ဝှက်ချက်ကလဲ သူဖြစ်လာပြီး သူမထိန်းချုပ်ထားသမျှဟာ သူနဲ့ရေရှည်တွေ့ဆုံချင်တဲ့အတွက်ကြောင့်သာဖြစ်တယ်
သူမအမေရဲ့လက်တံတွေဘယ်လောက်ရှည်တယ်ဆိုတာလဲသူမသိတာမို့ တခုခုဆို သူမဘက်ကလွန်လွန်ကဲကဲဖြစ်နေရခြင်းပင်
ဒါပေမဲ့လဲ ဖြစ်လာမဲ့အရာတွေကဖြစ်လာတာပဲ
သူမနဲ့သူ နှစ်ယောက်ထဲတွဲသွားတွဲလာလုပ်တဲ့အချိန်တွေကမရှိသလောက်နည်းသော်လည်း အဲ့ဒိီခနလေးမှာပဲ သူမရဲ့ကံကြမ္မာ အဆုံးအဖြတ်ဟာရက်စက်စွာဖြစ်တည်လာခဲ့တော့တယ်

BINABASA MO ANG
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Fantasyown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...