chapter.41.zgi

466 8 0
                                    


Chapter.41.

"မင်းက တိုင်ရှန်း ပြီးတော့ ရနံ့ရဲ့ရည်းစား အဲ့လိုလား "

"ဟုတ်တယ် "

သူနဲ့မျက်နှာချင်းဆိုင်ကလူက မျက်ခုံးပင့်ပြီး ‌မယုံသလိုပြောလာခဲ့တယ်

သူကတော့ ဂရုမစိုက်ပါဘူး

သူအဖေစီးတဲ့အကောင်းစားကားကို‌တောင်ယူလာပြီး ဒီလူရှိတဲ့နေရာကို တရက်စာအပိုင်ဌားထားလိုက်ထဲက အပြတ်အသတ်ပညာပြဖို့စဉ်းစားထားပြီးသားမို့

"ဝိုးးး အဲ့ကောင်မလေးက ကြည့်လိုက်တော့ တုံးတုံးအအလိုပုံလေးနဲ့ မင်းလိုရည်းစားအကောင်းစားလေးကိုတောင်ရထားတယ်ပေါ့လေ "

တုံးတုံးအအ ?

ဘာကိုတုံးတုံးအအလဲ မိုးကတည်ငြိမ်ပြီး မြန်မာဆန်တာကွ

မျက်နှာချင်းဆိုင်က လူရဲ့စကားကြောင့် သူတင်းထားတဲ့
နောက်ဆုံးကြိုးကပြတ်တော့မလိုဖြစ်လာခဲ့တယ်

"မင်း ဆောက်စကားပြောတာကြည့်ပြော ငါဒေါသထွက်လာရင် အမှုန့်ကြိတ်ပစ်မယ် ပြီးတော့ ‌ဒီနေရာက ငါ့ရဲ့ပိုင်နက်ဆိုတာကိုမင်းမမေ့နဲ့ "

သူခုံကိုရိုက်ပြီး အေးစက်စွာပြောလိုက်ပေမဲ့ ထိုလူက မထုံတက်တေးနဲ့

သူ့ရှေ့မှာဒီလိုအမူအယာလာလုပ်နေတာ ဘာယုံကြည်ချက်များရှိလို့ပါလိမ့်

"အဲ့တာတော့ များသွားပြီကိုယ့်လူ ငါကလဲ မင်းကိုမကြောက်လို့တစ်ယောက်ထဲလာတာ မလောက်လေးမလောက်စားအကွက်မျိုးနဲ့ငါ့ကိုလာမစမ်းနဲ့ ပြီးတော့ ဒီနေရာက မင်းပိုင်နက်ဖြစ်တော့ဘာဖြစ်လဲ မင်းဆီမှာပဲလက်အောက်ငယ်သားဆိုတာရှိတာလား ငါ့ဆီမှာလဲပေါပါ့ "

နောက်ဆုံးတော့ ထိုလူက ဘာကြောင့် ဒီလိုယုံကြည်မူ့ရှိနေလဲဆိုတာကိုသိလိုက်ရပြီ

သူကလဲသိပြီးသားပါ

Close ဆိုတဲ့ဆိုင်းပုတ်တင်ထားတာတောင် ဆိုင်ထဲမှာကျန်ခဲ့တဲ့လူဦးရေအရ ထိုလူဖက်မှာလူတွေပါတယ်ဆိုတာသိပြီးသားပဲ

(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်  (oc) zgi&uni (NL) Tempat cerita menjadi hidup. Temukan sekarang