Chapter.39.
"ကိုကို ပြန်လာပြီလား "
ဟွမ်ဟွမ်ရဲ့အမေးကိုခေါင်းညိတ်ပြလိုက်တယ်
ဧည့်ခန်းထဲမှာ လူစုံတက်စုံနဲ့ သူရဲ့တဖက်သတ်အချစ် အဆုံးသတ်သွားပြီလားဆိုတာကိုသိချင်နေကြတယ်
"ဟူးးးးးး "
သူလဲ အပေါ်ထပ်ချွတ်လိုက်ကာ မျှော်လင့်တကြီးနဲ့ဝိုင်းကြည့်နေကြတဲ့အကြည့်တွေကြား သက်ပြင်းချရင်း အကြောင်းစုံပြောပြရတော့တယ်
"အမေ သိသားပဲ သမီးလေးကသားလေးကိုချစ်တယ်ဆိုတာ အဲ့တော့ ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ "
"ဘာလုပ်ရမှာလဲ အမေတို့ချွေးမအိမ်ရောက်လာတော့မယ် ပြင်စရာရှိတာသာပြင်ထားလိုက်တော့"
"တင်တောင်းဖို့ပစ္စည်းတွေ ဝတ်ဖို့အင်္ကျီနဲ့ လက်ဝတ်လက်စား နေရာ အပြင်အဆင် ခန်းဝင်ပစ္စည်း လုပ်စရာတွေကအများကြီးပဲ အိုက်ယိုး ငါတော့လုပ်စရာရပြီ အဖေကြီး မနက်ဖြန် အလုပ်သွားဖို့မစဉ်းစားနဲ့ ကျွန်မနဲ့ဈေးဝယ်လိုက်ခဲ့"
သူ့အဖေမျက်နှာကရှုံ့မဲ့သွားသော်လည်း သူနဲ့သူအမေပျော်နေတာကိုကြည့်ပြီး ခေါင်းညိတ်ပြတယ်
"ကိုယ့်သားကို ဆယ်နှစ်ကျော်တောင်ရူးသွပ်အောင်လုပ်နိုင်တဲ့မိန်းကလေးကို အဖေကလဲတွေ့ချင်နေတာကြာပြီ နောက်နေ့ထမင်းစားဖိတ်လာခဲ့ "
"ဟုတ် ပါးပါး"
အပေါ်တက်လာပြီး အိပ်ရာပေါ်လှဲချလိုက်ပေမဲ့ ဘာမှမလုပ်နိုင်သေးဘူး
သူမလေးရဲ့ရုပ်လွှာက သူ့အတွေးထဲစိုးမိုးနေပြီး နှုတ်ခမ်းတစုံက အလိုလိုကော့ညွတ်နေခဲ့တယ်
သူ့ဘဝမှာ ဒီလိုအခိုက်အတန့်လေးကအပျော်ဆုံးပဲ
ကျောက်စိမ်းလိုအဖိုးတန်တဲ့သူမလေးနဲ့ပြန်ဆုံစည်းရတာ သူတကယ်ကိုသဘောကျမိတယ်
အရမ်းလဲကျေနပ်တယ် ဂုဏ်လဲယူတယ်
သူမလေးကိုလဲ မစွန့်လွတ်နိုင်သလို သူမလေးကိုပိုပြီးချစ်လာတယ်ဆိုတာကိုလဲသိလိုက်ရတယ်
BẠN ĐANG ĐỌC
(Complete)ဆားမပါတဲ့ဟင်း အသိအမှတ်ပြုခြင်းမခံရတဲ့အချစ် (oc) zgi&uni (NL)
Viễn tưởngown creating by alinkar nang normal love လူဆိုးလေးတစ်ယောက်နဲ့ ခပ်ရိုးရိုးမိန်းမပျိုလေးတို့ရဲ့ကြီးမြတ်တဲ့အချစ်အကြောင်းကိုပုံဖော်ထားတာပါ လူဆိုးလေးကိုမယုံကြည်ပေမဲ့ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဆီက အသိအမှတ်ပြုခြင်းမခံရတဲ့အချစ်ဟာ လူဆိုးလေးရဲ့ဘဝကိုဘယ်လိုပြ...