Chapter - 58

3.3K 654 39
                                    

[Unicode]ထို့နောက်တွင် ရှန်းဂျင်သည် စိတ်ဝင်စားမှုမရှိတော့ဘဲ ရိုလာကိုစတာကိုပင် အမူအရာကင်းမဲ့စွာ စီး၏။

“ဘာဖြစ်နေတာလဲ?”
ရှန်းဂျင်သည် ခေါင်းသာယမ်းလိုက်ပြီး ခံပြင်းနေသည်လော ပျော်ရွှင်နေသည်လောကိုပင် မပြောနိုင်တော့ပေ။
တစ်ယောက်သောသူနှင့်ယှဉ်လိုက်လို့ ပင်ကိုအမူအကျင့်ကြောင့် ရှုံးတယ်ဆို တော်သေးတယ်။ဒါပေမယ့် ရုပ်ရည်ရူပကာကြောင့်ရှုံးတာဆိုတော့ ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ။ဒါပေမယ့်လည်း တစ်မျိုးတွေးကြည့်ရင် ရဲ့ကျိုးက သူ့ရဲ့ပင်ကိုဝိသေသကို စွဲလမ်းတာလို့  ဆိုလိုသေးတာပဲ။

ရဲ့ကျိုးသည် အိတ်ထဲမှနေ့လည်စာဘူးကိုထုတ်လိုက်ပြီး
“မနက်က ပန်းအိုးနှစ်အိုးထဲကနေ စတော်ဘယ်ရီသီးတွေခူးပြီးဆေးလာတယ်။စားမလား?”

ရှန်းဂျင်သည် နေ့လည်စာဘူးကိုကြည့်၍ ရုတ်တရက်စိတ်ပြေလျော့သွား၏။
“မင်း အလှအပကိုခံစားပုံကတကယ်ထူးခြားတယ် ”
ရွှေအိုရောင်ဆံနွယ်ပိုင်ရှင်မင်းသမီးလေးအား အဖုံးအကြည်အုပ်ထားပြီး စတော်ဘယ်ရီစတစ်ကာများက သူမအား ဝန်းရံထား၏။အနှီစတိုင်သည် အရွယ်ရောက်ပြီးသော အမျိုးသားတစ်ယောက်နှင့် မလိုက်ဖက်ပေ။

“မင်းကအတော်စိတ်ရှုပ်ဖို့ကောင်းတာပဲ!”
ရဲ့ကျိုးသည် ဘူးကိုလက်ထဲသို့ ထိုးထည့်ကာ ရှင်းပြလိုက်၏။
“ယို့ယို့ပါလာမယ်ထင်လို့ ဒီစတစ်ကာတွေကို တမင်ဝယ်ထားတာ”

ယို့ယို့အကြောင်းပြောသည့်အခါ ရှန်းဂျင်သည် အနည်းငယ်စိုးရိမ်လာ၏။ခုံတန်းတစ်ခုဆီသို့သွားကာ ထိုင်လိုက်ပြီး
“ညနေကျ ယို့ယို့ကိုစောစောသွားခေါ်ကြမယ်”

ပုံမှန်ဆိုလျှင် သူမ၏ပါးစပ်သေးသေးလေးသည် စကားပြောမပြတ်သော်လည်း ယနေ့ကားထဲတွင် အလွန်တိတ်ဆိတ်စွာနေ၏။တစ်ခါတစ်ရံတွင် ဤသို့သောငြိမ်သက်နေသည့်ကလေးမျိုးက ဆူညံနေတတ်သောကလေးမျိုးထက် ပို၍စိတ်ပူပင်စေ၏။

“ခေါ်မယ်လေ ဘယ်လိုပဲဖြစ်ဖြစ် ဟိုဟာဒီဟာဆော့တာ အကုန်တူတူပါပဲ”
ရဲ့ကျိုးသည် ခုံကိုမှီလိုက်ပြီး နေရောင်က မှိတ်ထားသောမျက်လုံးများအား ထိုးဖောက်ဝင်ရောက်နေ၏။သူသည် အရင်တစ်ခေါက်ကမစီးခဲ့ရသော  ချားရဟတ်ကိုသာ စီးချင်ရုံသာ။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now