Chapter 37

3.5K 761 30
                                    

[Unicode]မျက်လုံးဖွင့်၍ဖယောင်းတိုင်မှုတ်လိုက်၏။အခန်းသည်ချက်ချင်းအမှောင်ကျသွား၏။

“သေစမ်း ငါမီးပြန်ဖွင့်သင့်ပြီ”
မျက်လုံးများကနေသားမကျသေးဘဲ ရဲ့ကျိုးသည်ဂရုတစိုက်ထရပ်ကာ မီးဖွင့်ရန်တံခါးဆီသို့သွားလိုက်၏။

တံခါးဆီသို့မရောက်သေးခင် အခန်းတံခါးကအပြင်ဘက်မှတွန်းဖွင့်ခံလိုက်ရ၏။

“အခန်းထဲမှာဘယ်သူမှမရှိဘူးလား?”
လျှိုယုထျန်းသည်အခန်းထဲမှအရိပ်တစ်ခုကြောင့် ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်၍ ဝမ်ရန်ရွှီ၏ခြေထောက်အားနင်းလိုက်ချိန်တွင် သူ၏စကားအားအပြီးသတ်ပြီးသေးရုံသာဖြစ်၏။

“အိုးဝ်!”
ဝမ်ရန်ရွှီသည်အဆက်မပြတ်တွန်း၍ လျှိုယုထျန်းအားဘေးသို့တွန်းထုတ်လိုက်၏။ “တကယ်နာတယ်ကွ!”

စိတ်ထဲတွင်ကြောက်ရွံ့မှုဖြင့်တုန်လှုပ်နေသောလျှိုယုထျန်းသည် တုန်လှုပ်နေသောလက်ဖြင့်မီးဖွင့်လိုက်၏။ 

ရုတ်တရက်လင်းလာသောမီးကြောင့် ရဲ့ကျိုးနှင့်ရှန်းဂျင်နှစ်ယောက်လုံးမျက်စိကျိန်းသွား၏။

လျှိယုထျန်းသည်ရှေ့သို့လှမ်းမည့်ခြေလှမ်းများအားရပ်တန့်လိုက်၏။သူ၏နောက်တွင်အပိတ်ခံထားရသောဝမ်ရန်ရွှီသည် သူအားထပ်ပုတ်၍ပြော၏။
“မင်းဘာလို့မ…ရဲ့ကျိုး?”
ဝမ်ရန်ရွှီ၏မျက်လုံးများသည် ရဲ့ကျိုးထံမှရှန်းဂျင်ဆီသို့ပြောင်းသွားပြီး နောက်ဆုံးတွင် မွေးနေ့ကိတ်ပေါ်သို့ရွှေ့သွား၏။
“အား…အာ…အဲ့ဒါ…ဒီညငါတို့ကိုထွက်သွားစေချင်လား?”

“ဘာထွက်သွားတာလဲ!”
ရဲ့ကျိုးသည်ဖြည်းဖြည်းချင်းဆုတ်ခွာနေသောလူနှစ်ယောက်အား ဆွဲကာပြောလိုက်သည်။
“ဒီနေ့ကရှန်းဂျင်ရဲ့မွေးနေ့။ငါတို့ကိတ်မုန့်တူတူစားနေကြတာ!”

“မွေးနေ့?”
ဝမ်ရန်ရွှီသည်တုန်လှုပ်သွား၏။
“အဲ့လိုဆိုငါတို့ဒီမှာမရှိဖို့ပိုတောင်လိုအပ်သေးတယ်! စိတ်အေးအေးထား အားသွင်းကြိုးယူပြီးတာနဲ့သွားမှာပါ!”

“ငါ့မှတ်စုစာအုပ်ကိုယူမယ်နော်! မြန်ပါတယ်!”

ရဲ့ကျိုးကအဆောတလျင်တိုက်တွန်းနေသောငြား နှစ်ယောက်သားသည်လိုချင်သည့်ပစ္စည်းများအားယူကာ ထွက်မသွားခင် ရှန်းဂျင်အားပြောသွား၏။
“မွေးနေ့မှာပျော်ရွှင်ပါစေ ရှန်းဂျင်!”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now