Chapter-53

3.8K 717 31
                                    

[Unicode]ရဲ့ကျိုးသည်ခဏမျှကြောင်သွား၏။
“မင်းရဲ့တုံ့ပြန်ပုံကဘာကြီးလဲ!”

ရှန်းမင်သည်တစ်ဖက်သို့လှည့်ပြီး ကွန်ပျူတာပေါ်မှdocumentကိုဖွင့်၍ဝတ်ကျေတန်းကျေပြော၏။
“မင်းကငါ့ကိုဘယ်လိုတုံံ့ပြန်စေချင်တာလဲ?”

“ရှန်းဂျင် သူー”

ရှန်းမင်သည်ကီးဘုတ်ဖြင့်စာရိုက်၍Enterခလုတ်ကိုအားဖြင့်ဖိလိုက်၏။ရဲ့ကျိုးကိုကြည့်၍ပြော၏။
“ရှန်းဂျင်ကမင်းကိုဖွင့်ပြောတာလေးတင်မဟုတ်ဘူးလား? မေလတစ်ရက်နေ့တုန်းကငါမင်းကိုဒီမေးခွန်းမေးကိုမေးပြီး ကြိုပြင်ဆင်ထားဖို့အကြံပေးခဲ့သားပဲ။တကယ်ဖြစ်လာတော့ မင်းလက်မခံနိုင်သေးဘူးလို့တော့ငါ့ကိုမပြောနဲ့နော်?”

ရဲ့ကျိုးသည်ယုံကြည်မှုမရှိဘဲပြော၏။
“မင်းနောက်နေတာလို့ထင်လိုက်တာ…”

“အဲ့တော့ဘယ်လိုဖြေခဲ့လဲ?”

“ငါသူ့ကိုမကြိုက်ဘူးလို့ပြောခဲ့တယ်…”

ရှန်းမင်သည်သရော်ပြုံးပြုံး၍ ကွန်ပျူတာဘက်သို့အကြည့်ပြန်ရွှေ့လိုက်၏။အညွှန်းစာအုပ်ထဲမှစာရွက်တစ်ရွက်ကိုလှန်၍ စာဆက်ရိုက်နေ၏။ “အဲ့လိုဆိုအဆင်ပြေနေပြီမလား? မင်းသူ့ကိုအဖြေပေးပြီးပြီ ရှန်းဂျင်ကလည်းတကောက်ကောက်လိုက်တတ်တဲ့သူနဲ့မတူပါဘူး။နောက်ကျရင် မင်းတို့နှစ်ယောက်ကတစ်လမ်းစီဖြစ်တော့မှာ အားလုံးကလူတိုင်းကျေနပ်တဲ့အထိအရင်အခြေအနေကိုပြန်ရောက်သွားမှာပဲ။ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်လုံးကရန်သူတွေပဲ အဲ့တော့ ဒီလိုဆက်ဆံရေးကောင်းရှိနေတာကဘာအသုံးဝင်လို့လဲ?”

ရဲ့ကျိုးသည်စိတ်ဆိုးမာန်ဆိုးပြော၏။
“ဒါပေမယ့်ငါကဒီလိုမဖြစ်ချင်ဘူး”

“မင်းကလူတွေကိုငြင်းဆိုလိုက်ပြီးတော့ သူတို့ကိုမင်းနဲ့သူငယ်ချင်းကောင်းတွေဖြစ်စေချင်သေးတာလား? ဘယ်လိုတောင်ချစ်ဖို့ကောင်းလိုက်လဲ!”

“ဘာတွေပြောနေတာလဲ? အူကြောင်ကြောင်နဲ့”

“မင်းကိုဒီလောက်ထိတုံးမယ်လို့ထင်မထားရုံပဲ!!”
ရှန်းမင်သည်ဆတ်ခနဲထလာပြီး ရဲ့ကျိုး၏ခေါင်းကိုခေါက်လိုက်၏။
“စာသင်နှစ်ကပြီးတော့မှာ ခုထိငါ့ paperတစ်ဝက်တောင်မပြီးသေးဘူး။အစီရင်ခံစာတွေကတောင်လိုပုံနေပြီ။အချိန်ကအရမ်းကပ်နေတာကို ငါကဘာလို့မင်းရဲ့အချစ်ရေးပြဿနာကိုစိုးရိမ်ပေးရမှာလဲ!”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now