Chapter-57

4.3K 685 21
                                    


[Unicode]"ကျိုး ပြောချင်တာရှိရင်ထုတ်သာပြောလိုက်!"


ကျိုးဝမ်သောင်သည်ဖုန်သုတ်တံကိုနောက်သို့ပို့ကာ လျှိုယုထျန်းက ရဲ့ကျိူးကိုလွှတ်ပေးလိုက်ပြိး သုံးဘီးကိုအဝေးသို့တွန်းလိုက်၏။



"ဘာတွေလုပ်နေတာလဲ၊ ဟေး ဟေး ဘယ်ဆီတွန်းနေတာလဲ!"


ရဲ့ကျိုးသည်လျှိုယုထျန်းအားတားချင်သော်လည်းကျိုးဝမ်သောင်ကနှောင့်ယှက်လိုက်၏။



နှစ်ယောက်သားသည် သပွတ်အူလိုက်နေ၏။ရေခဲချောင်းစားရင်းဖြတ်သွားသောကျန်းရှင်းသည်စပ်စပ်စုစုမေး၏။


"ဘာလုပ်နေကြတာလဲ၊"



"ကျိုးကကားကိုဖျက်ဆီးချင်နေတယ်"


ကျိူးဝမ်သောင်က 'သက်သေပြလိုက်၏။


"ကြည့်!"



ကျန်းရှင်းကြားသည့်အခါမျက်နှာထားပြောင်းသွား၏။


ဖုန်သုတ်တံကိုဆွဲယူပြီး ဒူးဖြင့်ရိုက်ချိုးလိုက်၏။ဖုန်သုတ်တံသည်ချက်ချင်းလက်ငင်းတစ်ဝက်ကျိုးသွား၏။ကျန်းရှင်းသည်ဖုန်သုတ်တံ'အလောင်းကောင်ကိုအမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်၏။လွှင့်ပစ်ပြီးနောက်တွင် အလေးအနက်ပြောလာ၏။


"ကျိုး စိတ်အေးအေးထား။လူတွေကစိတ်လိုက်မာန်ပါဖြစ်နေရင် ဆုံးဖြတ်ချက်အမှားတွေချလေ့ရှိတယ်!"



"ငါ့ရဲ့..."



ရဲ့ကျိုးသည် သူယူလာခဲ့သည့် တစ်ခါမှပင်မသုံးရသေးသော်လည်း ယခုအခါ အမှိုက်ပုံးထဲတွင်အမြုပ်ခံလိုက်ရပြီဖြစ်သောဖုန်သုတ်တံကိုကြောင်တောင်တောင်ကြည့်နေ၏။အလွန်အမင်းစိတ်နှလုံးနာကျင်ရသည်။အသက်ပြင်းပြင်းရှုသွင်းကာပြောလိုက်၏။


"ငါ ရှန်းဂျင်နဲ့တကယ်အဆင်ပြေတယ်။ငါက ကားရေဆေးမလို့လုပ်နေရုံပဲ။ဘေးကရေပုံးကိုမမြင်ကြဘူးလား၊"



"ဘယ်သူကကားရေဆေးဖို့ကိုဖုန်သုတ်တံသုံးလို့လဲ"


ကျိုးဝမ်သောင်သည် 'အကွက်တွေအကုန်သိတယ်'ဟူသောအမူအရာဖြင့်


"ထားပါတော့ နွေရာသီအားလပ်ရက်တောင်ရောက်တော့မှာပဲဟာ။အဲ့ကျရင် မင်းတို့နှစ်ယောက်ခဏလောက်တော့ခွဲရမှာပဲလေ။မင်းစိတ်ကြည်သွားတော့မှ အေးအေးဆေးဆေးမှန်မှန်ကန်ကန်ဆက်သွယ်လို့ရတယ်"

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now