Chapter-41

3.6K 754 30
                                    

[Unicode]နံနက်ခင်းဆယ်နာရီမှာ အတိအကျဆိုလျှင် ဌာနမျိုးစုံမှကျောင်းသားများက အားကစားကွင်းဝင်ပေါက်အပါအဝင် နေရာအသီးသီးမှလာရောက်စုဆုံသည့်အချိန်ဖြစ်သည်။ရိုးရိုးရှင်းရှင်ပင် သတင်းအားဖြန့်စရာမလိုဘဲ ကျောင်းသားထောင်ချီအား စိတ်အားထက်သန်သောပွဲကြည့်ပရိသတ်များဖြစ်လာရန်ဆွဲဆောင်လိုက်၏။

ရဲ့ကျိုးသည် ယုန်ရုပ်ကိုင်ထားသောရှန်းဂျင်ကယနေ့ညBBS၏အဓိကဇာတ်ကောင်ဖြစ်လိမ့်မည်ဟု အစကထင်ခဲ့သော်လည်း ရုတ်တရက်ပေါ်ပေါက်လာသောအပိုင်းတစ်ခုကြောင့် သူသည်လေပြင်းနှင့်လှိုင်းကြမ်းများအားလှုံဆော်လိုက်သူဖြစ်လာမည်ဟု လုံးဝစိတ်မကူးခဲ့ဖူးပေ။

နီရဲသောနှင်းဆီပွင့်များသည်သူ့ရှေ့တွင်ကိုင်ထားဆဲဖြစ်၏။ရဲ့ကျိုးသည်မတတ်နိုင်ဘဲခြေနှစ်လှမ်းဆုတ်၍ မဆင်မခြင်ဖြင့်ရှန်းဂျင်၏ကိုယ်လုံးကိုတိုက်မိလိုက်၏။

ရှန်းဂျင်သည်ရဲ့ကျိုး၏ပုခုံးအားထိန်းကိုင်လိုက်၏။အရုပ်ဆိုးသောနှင်းဆီပွင့်များမကြည့်ဘဲ ခံစားချက်ကင်းမဲ့စွာပြော၏။
"ကစားပွဲကစတော့မှာ။သွားစို့"

ရဲ့ကျိုးသည်သတိပြန်လည်လာပြီ "အိုး" ဟုပြောလိုက်၏။သူသည် ပေးပို့သူ၏အသွင်အပြင်ကိုဂရုတစိုက်ကြည့်ရန်စဥ်းစားနေ၏။နောက်ဆုံးတွင်ရှန်းဂျင်သည် သူနှင့်နေရာလဲ၍ သူ၏မြင်ကွင်းအားပိတ်ဆို့လိုက်၏။

"စီနီယာရဲ့ကျိုး!"
ကောင်လေးသည်တခြားသူဆီမှအနိုင်မပေးလိုဖြစ်ပြီး ရှေ့သို့ရောက်လာပြန်၏။
"ကျွန်တော်ー"

ရှန်းဂျင်သည်ခေါင်းလှည့်၍ သူ့အားစိတ်မရှည်စွာကြည့်ကာ "ကောင်လေးတစ်ယောက်အနေနဲ့ လူမြင်ကွင်းမှာ တခြားကောင်လေးတစ်ယောက်ကို ဒီလိုအဆင့်အတန်းမြင့်တဲ့ပုံစံလုပ်ပြရတာသင့်တော်တယ်ထင်လို့လား?"

ကောင်လေးသည်နင်သွားပြီး ကမန်းကတန်းရှင်းပြရန်ကြိုးပမ်း၏။

ရှန်းဂျင်သည်သူ့အားရှင်းပြရန်အခွင့်အရေးမပေးဘဲ ဆက်ပြော၏။
"မင်းကအရွယ်ရောက်နေတဲ့သူပဲ ကျေးဇူးပြုပြီးမလုပ်ခင်နှစ်ခါစဥ်းစား"
ထို့နောက်တွင် ပွဲကြည့်သူလူအုပ်မားလျစ်လျုရှု၍ ရဲ့ကျိုးအားဝန်းရံထားခြင်း၏အပြင်သို့ဆွဲခေါ်လာ၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now