[Unicode]နောက်ရက်နံနက်စောစောတွင် ရှန်းဂျင်အား သူ့အိမ်ကဖုန်းခေါ်၏။
ရှန်းချင်းပင်ကမကျေမနပ်ပြော၏။
"မင်း အိမ်ပြန်လာဖို့ရောသိသေးလား?"
အသံက အရမ်းကျယ်သဖြင့် ဘေးတွင်စာဖတ်နေသော ရဲ့ကျိုးပင် စာအုပ်ကိုချ၍ စိုးရိမ်တကြီးကြည့်လိုက်၏။
ရှန်းဂျင်ကထရပ်လိုက်၏။အချိန်ကိုတွက်ချက်ကြည့်သည့်အခါ အိမ်မပြန်သည်မှာ သုံးလနီးပါးပင်ရှိနေပြီဖြစ်၏။
"ပြန်လာစေချင်ရင် သူ့ကိုလည်းခေါ်လာရလိမ့်မယ်"
"ကျင့်သားရအောင်အချိန်ပေးဖို့ပြောမထားဘူးလား?"
"အဖေ အန်တီ့ကိုတွေ့တုန်းက ကျွန်တော့်ကိုကျင့်သားရအောင်အချိန်ပေးလို့လား?"
စကားတစ်ခွန်းတည်းဖြင့် ရှန်းချင်ပင်အားတားဆီးကာ လုံးဝစကားမပြောနိုင်ဖြစ်စေ၏။
အချိန်ခဏကြာပြီးနောက်မှ ဖုန်းကိုင်သည့်လက်ပြောင်းသွားပြီး ချင်ဖေးက ချိုချိုသာသာပြော၏။
"ရှန်းဂျင် မင်းအဖေက လက်ခံလိုက်ပြီ။ဒီနေ့ဖုန်းခေါ်တာကလည်း ရဲ့ကျိုးကိုခေါ်လာစေချင်လို့။အရင်က သူဖြေရှင်းတဲ့ပုံကမဟုတ်မှန်းသိလောက်အောင် သူရင့်ကျက်နေပါပြီ ဒါပေမယ့် မျက်နှာလည်းမပျက်ချင်ဘူးဖြစ်နေတယ်လေ။သူ့ကိုအခွင့်အရေးပေးတယ်လို့သဘောထားပြီး ဒီည ညစာလာစားလှည့်ကြ"
"ကောင်းတာပဲ"
ရှန်းဂျင်သည် ရဲ့ကျိုး၏မျှော်လင့်တကြီးမျက်လုံးများကိုလှည့်ကြည့်ပြီး ရုတ်တရက်စိတ်မသန့်ဖြစ်လာ၏။ချောင်းဟန့်၍ပြောလိုက်သည်။
"ဒီည..."
ရဲ့ကျိုးက သိချင်စိတ်ဖြင့်
"ဘာဖြစ်လို့လဲ?"
ရှန်းဂျင်ကအမြန်ပြောလိုက်၏။
"ဒီနေ့ ငါ့အိမ်မှာထမင်းသွားစားရအောင်"
"အာ??"
ရဲ့ကျိုးသည်ယုံရခက်ခက်ဖြင့်
"မနေ့ကမှ မင်းအမေနဲ့တွေ့ထားတာလေ ဒီနေ့ မင်းအဖေကိုတွေ့ဖို့ပြောနေတာလား?"
YOU ARE READING
လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]
RomanceOriginal Author-飞奔的小蜗牛 (ပြေးနေသောခရုငယ်လေး) Original Publisher-jjwxc 70Chapters+5extras Eng translator-Mosstree Eng tran link is here https://www.novelupdates.com/series/everyone-thinks-that-i-like-him/ I'm not a professional so if what original...