Chapter 4

8.6K 1.5K 30
                                    

UNICODE
ရှန်းဂျင်သည် စကားဆုံးသည်နှင့် သည်ဘက်ခြမ်းကပြဇာတ်အား ဂရုစိုက်မနေဘဲ တာဝန်ပြီးမြောက်သည်နှင့်ထွက်ခွာခဲ့၏။ 

ရွှီယန်ကျွင်းသည် ရဲ့ကျိုး၏ ပုခုံးပေါ်သို့လက်တင်လိုက်ကာ မျက်စိမှိတ်ပြရင်း "မဆိုးဘူး ကျိုး မင်းကမနေ့မှဝန်ခံလိုက်တယ် ဒီနေ့ကျ ရှန်းဂျင်ကမင်းကိုကာကွယ်ပေးနေပြီ"

ကျိူးဝမ်သောင်သည် ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး "ဟုတ်တယ် ဟုတ်တယ် ကျိုး မင်းရှန်းဂျင်ကို ဘာပြောလိုက်တာလဲ? ရှန်းဂျင်ကို ဒီလောက်မြန်အောင် ဘယ်လိုသိမ်းပိုက်လိုက်တာလဲ??"

ရဲ့ကျိုးသည် ဒေါသထွက်လာရ၏။ရှန်းဂျင်၏အင်္ကျီကော်လံအားထွက်ဆွဲကာ ဘာ​လို့မလိုတာတွေပြောတာလဲဟု မေးရမလား သို့မဟုတ် ရှိုးပွဲအားကြည့်နေသော သူ့ရှေ့က လူများအားစုစည်းကာ တစ်ယောက်ချင်းလိုက်ထိုးရမလား မသိတော့။

သူ၏ စင်ကြယ်သောနေ့ရက်များ လွင့်ပျောက်ကုန်ပြီထင်ရ၏...။

ဤပြဇာတ်သည် အမျိုးသားနေ့ ပထမရက်အထိ ဆက်လက်ဖြစ်ပွားနေခဲ့၏။ရဲ့ကျိုးအတွက် အားလပ်ရက်အားစောင့်မျှော်ခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။တစ်ပတ်လောက်ကြာရင်တော့ ဒီအကြောင်းတွေ လူတိုင်းမေ့သွားလောက်ပါရဲ့။
English Translator's note-
အမျိုးသားနေ့-တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် 10လပိုင်း 1ရက်နေ့တွင် စတင်ပြီး တစ်ပတ်ကြာအားလပ်ရက်ဖြစ်သည်။နှစ်တစ်နှစ်၏ 11ကြိမ်မြောက် အားလပ်ရက်ဖြစ်သောကြောင့် 
"Eleventh"ဟုလည်းလူသိများသည်။

"ကျိုး အမျိုးသားနေ့မှာ အိမ်မပြန်ပြန်ဘူးလား?"
အားလပ်ရက်မတိုင်မှီနေ့တွင် အခြားအခန်းဖော်နှစ်ယောက်သည် သင်္ဘောပေါ်၌ အိမ်ပြန်လမ်းသို့ရောက်နေပြီးဖြစ်သည်။ကျိုးဝမ်သောင်သည်လည်း နောက်ဆုံးအကြိမ် စစ်ဆေးနေသည်။ကျိုးဝမ်သောင် ရဲ့ကျိုး၏အဖြေအား မစောင့်ဘဲ သူ့အလုပ်သူလုပ်နေရင်း ရုတ်တရက် သဘောပေါက်သွားကာ "ငါမှတ်မိပြီ ရှန်းဂျင်က ဒီကဒေသခံတစ်ယောက်ပဲ မင်းတို့နှစ်ယောက်... တစ်ခုခုစီစဥ်ထားတာမလား?" နောက်ဆုံးစကားလုံးအားပြောနေရင်း ကျိုးဝမ်သောင်၏မျက်နှာတွင် စျေးပေါသောအပြုံးတစ်ခုချိတ်ဆွဲထားသည်။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now