Chapter 45

3.6K 794 35
                                    

[Unicode]ရဲ့ကျိုးသည်အိတ်ကြီးအိတ်ငယ်ဖြင့်အဆောင်သို့ပြန်ခဲ့၏။

ပုံမှန်ဆိုလျှင် ထိုင်ခုံတွင်ထိုင်၍ ခေါင်းတစ်ချက်လှည့်လိုက်ရုံဖြင့်
ရှန်းဂျင်၏ပုံရိပ်အားအမြဲတစေမြင်နိုင်ခဲ့၏။ယခုအခါ လုံးဝလွတ်နေသောနေရာတစ်ခုအားအသားမကျသေးပေ။ 

ရဲ့ကျိုးသည်ကြောင်အရုပ်ကိုထုတ်၍ယုန်ရုပ်နှင့်အတူထားလိုက်၏။

“အစ်ကိုနဲ့ညီမလို့ခေါ်ထိုက်ပါတယ်”
၎င်းတို့နှစ်ရုပ်လုံးသည်ပန်းရောင်ဖြစ်၍ အတူတကွထားလိုက်ခြင်းသည်လည်း အစ်ကိုနှင့်ညီမပုံစံလေးနှင့်ဆင်တူပေ၏။သူသည် ရယ်မောလိုက်၍ မျက်နှာသစ်ကန်ထဲသို့ အဝတ်အစားသစ်များမြှုပ်၍ဆပ်ပြာရည်ထဲ၌စိမ်လိုက်၏။

ရေကျလာသည့်အချိန်တွင် ဖုန်းသံကိုကြားလိုက်၏။ရဲ့ကျိုးသည် ဂရုတစိုက်ခွဲခြားနိုင်ရန် ဘုံပိုင်ခေါင်းကိုပိတ်လိုက်၏။အခန်းသည်တိတ်ဆိတ်နေကြောင်းအတည်ပြုပြီးနောကိ ခေါင်းယမ်း၍ ဘုံပိုင်ခေါင်းကိုပြန်ဖွင့်၏။

ဝတ်ခြောက်ရန်လှန်းပြီးသည့်နောက်တွင် ဖုန်းမြည်သံကိုတဖန်ပြန်ကြားလိုက်သယောင်ပင်။သုံးလှမ်းစာကိုနှစ်လှမ်းဖြင့်လျှောက်၍ ကျောပိုးကိုအိတ်ကိုဖွင့်လိုက်ချိန်တွင် ဖုန်းခလုတ်ကိုနှိပ်မိပြီး တုန်ခါလာ၏။

မျက်နှာပြင်ပေါ်မှအဆက်အသွယ်ကိုကြည့်၍ အနည်းငယ်စိတ်ရှုပ်ခဲ့၏။

“မင်းတကယ်ဖုန်းကိုင်နိုင်တာပဲ! ငါ့ကိုသေအောင်ခြောက်နေတာ။မင်းအဲ့မှာမရှိဘူးလို့ထင်ခဲ့တာ!”

အလွန်တက်ကြွသောအသံသည်ဖုန်းမှတဆင့်ဖြတ်၍ရောက်လာ၏။ 
“မင်းကိုအလုပ်သမားနေ့မှာစပရိုက်လုပ်ချင်ခဲ့ပေမယ့် မင်းကငါ့ကိုအရင်ခြောက်မယ်လို့ဘယ်သူကထင်မဗာလဲ?”

“ရှန်းမင်??”
ရဲ့ကျိုးသည်အားရကျေနပ်စွာအံ့အားသင့်သွား၏။
“မင်းရောက်နေတာလား?”

“မဟုတ်လို့လား? ငါ့ကိုလာခေါ်! ငါမင်းတို့ကျောင်းရှေ့မှာပဲ။”

“ခုလာပြီ!”
ရဲ့ကျိုးနှင့်ရှန်းမင်သည် အထက်တန်းကျောင်းတွင် သူငယ်ချင်းကောင်းဖြစ်ခဲ့ကြသည်။သို့သော် ရှန်းမင်၏အမှတ်ပေါင်းသည် မကောင်းမွန်ဘဲ တခြားသောသောအကြောင်းအရာများအားအလေးပေးသောကြောင့် ရဲ့မိသားစု၏မိဘများသည်သူ့အားသဘောမကျခဲ့ပေ။ရဲ့ကျိုးသည် မိဘများ၏နားပူနားဆာလုပ်မှုကိုစိတ်ထဲမထည့်ဘဲ သူ၏ကိုယ်ပိုင်လမ်းစဥ်အတိုင်းသွားခဲ့ဆဲပင်။တက္ကသိုလ်တက်သည့်နောက်တွင် ရှန်းမင်နှင့်တွေ့ရရန်မလွယ်ပါချေ။မူလက ဆောင်းရာသီအားလပ်ရက်အတောအတွင်းတွေ့ဆုံမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ရှန်းမင်သည်ခရီးထွက်ပြီး မစုံစည်းနိုင်ဘဲဖြစ်လိမ့်မည်ဟုမည်သူကသိမည်နည်း။ဤအကြိမ်တွင် ရှန်းမင်ကAမြို့သို့အပြေးရောက်လာမည်ဟု ထင်မထားခဲ့ပေ။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now