Chapter-51

3.3K 738 25
                                    

[Unicode]ရဲ့ကျိုးသည် ရှန်းဂျင်က ယခုတလော အနည်းငယ်ထူးဆန်းနေသည်ကိုတွေ့ရှိခဲ့၏။နေ့စဥ်နေ့တိုင်း စတော်ဘယ်ရီပင်များကိုပိုကြာကြာကြည့်နေခြင်းဖြစ်သည်။

နှစ်အိုးလုံးတွင်ပန်းပွင့်အမြောက်အမြားရှိနေပြီး ရှန်းဂျင်သည် အပင်ပန်းခံ၍ စတော်ဘယ်ရီပင်များကိုလှောင်အိမ်ထဲမှထုတ်ပြီး ပန်းပွင့်တစ်ပွင့်စီကိုကြည့်ရန် အရွက်များကိုဖြန့်နေ၏။

ရဲ့ကျိုးသည် စပ်စပ်စုစုမေး၏။
“ဘာတွေကြည့်နေတာလဲ?”

ရှန်းဂျင်သည်မျက်နှာသေဖြင့်
“ပန်းပွင့်ကြည့်နေတာ”

“ကြည့်လို့မပြီးတော့ဘူးလား? စာကြည့်တိုက်ကိုမသွားသေးဘူးလား?”
ရဲ့ကျိုးသည်အချိန်ကိုကြည့်လိုက်၏။သောကြာနေ့နေလည်တွင်အတန်းမရှိပေ။နှစ်ယောက်သားနေ့လည်စာစားချိန်တွင် စာကြည့်တိုက်သို့အတူသွားမည်ဟုပြောထားခဲ့၏။ ရှန်းဂျင်အားဤစတော်ဘယ်ရီပင်များကဆွဲထားလိမ့်မည်ဟုထင်မထားခဲ့ပေ။ရဲ့ကျိုးသည် ထိုအချိန်ကသူ့အားစတော်ဘယ်ရီပင်ကိုလက်ဆောင်ပေးခဲ့သည်ကိုတစ်ဖန်ပြန်၍နောင်တရလာ၏။
T/N-ကိုယ့်သမီးကိုယ်မနာလိုနေပါသော>.<

“သွားမယ်လေ”
ရှန်းဂျင်သည် စတော်ဘယ်ရီပင်များကကျန်းမာသန်စွမ်းပြီး အဖျက်ပိုးကောင်များမရှိကြောင်း အတည်ပြုပြီး လက်သွားဆေး၏။ဗလာစာအုပ်ကိုယူကာ ရဲ့ကျိုးနှင့်အတူ စာကြည့်တိုက်သို့သွားလိုက်၏။

လမ်းဆုံသို့ရောက်သည့်အခါ ရှန်းဂျင်သည် သိပ်မဝေးသောနေရာမှမုန့်ဆိုင်ကိုမြင်လိုက်ပြီး
“ဒီမှာငါ့ကိုစောင့်။ချိုချဥ်တစ်ထုတ်လောက်ဝယ်လိုက်ဦးမယ်”

“တအားအများကြီးစားနေတာ သွားပိုးစားမှာကိုဂရုစိုက်!”

ရှန်းဂျင်သည်နားမထောင်ဘဲ မုန့်ဆိုင်ဆီသို့လျှောက်သွား၏။

ရဲ့ကျိုးသည် ဂျွန်လ၏နေရောင်တွင်နေပူဆာလှုံနေရသဖြင့် သစ်ပင်ရိပ်တစ်ခုကိုရှာ၍ထိုအောက်တွင်ရပ်လိုက်၏။ဖုန်းကိုထုတ်ကာ သူငယ်ချင်းများရပ်ဝန်းသို့သွားလိုက်၏။

“ရဲ့ကျိုး ဒီနှစ်ရက်မှာ ငါနင့်ကိုတွေ့ချင်နေတာ!”

ရဲ့ကျိုးသည်မော့ကြည့်လိုက်၏။စုရင်သည် ထီးတစ်ချောင်းကိုင်ထားပြီး သစ်ပင်ရိပ်အောက်သို့ရောက်လာ၏။သူမသည်ထီးကိုသိမ်း၍
“ဟိုမှာသွားထိုင်ပြီးပြောရအောင်”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now