Chapter-56

4.4K 750 48
                                    

[Unicode]

ရှန်းဂျင်သည် ကျောက်တုံးစားပွဲပေါ်တွင်ထိုင်၍

"အန်တီ ကလေးမွေးပြီးသွားပြီ။ယို့ယို့ကသိပ်အဆင်မ‌ပြေဘူး အဲ့တာကြောင့် အိမ်ကိုနေ့တိုင်းပြန်မှဖြစ်မှာ"

ရဲ့ကျိုးလည်းချက်ချင်းသဘောပေါက်လိုက်စ။ယခင်ကသူထင်ခဲ့သည်မှာ ရှန်းဂျင်သည်အငြင်းခံလိုက်ရသောကြောင့် သူ့အားရှောင်ဖယ်ခြင်းဖြစ်သည်ဟူ၍။

စဉ်းစားကြည့်လိုက်လျှင်လည်း ၎င်းသည်လည်းအဓိပ္ပာယ်ရှိပါ၏။ရှန်းဂျင်၏စိတ်နှင့်သာဆိုလျှင် မည်သည့်ကိစ္စဖြစ်ဖြစ် ရှောင်လွှဲခြင်းထက် အခက်အခဲကိုထိပ်တိုက်ရင်ဆိုင်ကျော်လွှား‌ပေလိမ့်မည်။

" အဲ့လိုပေါ့"

ရဲ့ကျိုးကတုံ့ပြန်လိုက်ပြီးအချိန်ကိုကြည့်ကာဖြင့်

 "မစောတော့ဘူး ယို့ယို့ကမင်းကိုအမောတကောစောင့်နေမှာပဲ။မြန်မြန်ပြန်သင့်တယ်"

"လောဖို့တော့မလိုသေးပါဘူး။မပြန်ခင် မင်းကိုပေးစရာရှိတယ်"

ရှန်းဂျင်ကဦးစွာထွက်ခွာ၍ရဲ့ကျိုးကနောက်မှလိုက်လာ၏။ယာယီပါကင်ထိုးထားပြီးလမ်းဘက်မှပြတင်းအားတစ်ဝက်ဖွင့်ထားသောကားဆီသို့သွားကြ၏။ရှန်းဂျင်ကခရီးသည်တံခါးအားဖွင့်၍ငှက်လှောင်အိမ်တစ်ခုကိုထုတ်လိုက်၏။

ရဲ့ကျိုးကးနောက်လိုက်၏။

"မင်းလွှင့်ပစ်လိုက်တာလို့ငါပြောခဲ့တာ"

ရှန်းဂျင်သည်နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကိုကွေးတင်လိုက်ကာ လှောင်အိမ်ကိုကားရှေ့ဖုံးပေါ်တင်၍ သော့ဖွင့်လိုက်၏။စတော်ဘယ်ရီသီးအပြည့်ဖြင့်ပန်းအိုးအားရဲ့ကျိုးထံ‌ပေးလိုက်ရင်း

"ပျော်ရွှင်စရာ‌မွေးနေ့ဖြစ်ပါ‌စေ"

"မင်း...မင်းသိတယ်"

"ငါမင်းကိုသဘောကျတယ်လို့ပြောထားတယ်‌လေ။မင်းမွေးနေ့တောင်မသိရင် သဘောကျတယ်လို့ဘယ်လိုလုပ်သတ်မှတ်လို့ရမလဲ?"

ရဲ့ကျိုးသည်ထိရှသွားသယောင်ခပ်‌ရေးရေးခံစားလိုက်ရ၏။

သေချာတာပေါ့ ထန်သုံသုံကိုမကြိုက်ခဲ့ဘူးပဲ။မဟုတ်ရင် ဘာလို့သူ့မွေးနေ့တောင်မမှတ်မိဘဲနေမလဲ?

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now