Chapter 17

4.6K 954 13
                                    

UNICODE

ဂရုတစိုက်ဆေးလိမ်းသောကြောင့် ရဲ့ကျိုး၏ ခြေထောက်က အနည်းငယ်သက်သာလာပြီး ဖူးယောင်နေသော ခြေချင်းဝတ်က အနည်းဆုံး တောင်ကုန်းအသေးလေးအရွယ်မှ တောင်ပူစာအသေးလေးအဖြစ်သို့ ကျုံ့သွား၏။

အခန်းဖော်အသစ်များကလည်း သူ့အားဂရုစိုက်ပေးကြသည်။

ဥပမာပြောရလျှင် ထိုင်ခုံတွင်ထိုင်လိုက်ပြီးရွေ့လိုက်လျှင်ပင် ဝမ်ရန်ရွှီကအနားရောက်လာပြီး
"ကျိုး မင်းဘာလိုသေးလဲ?"

"ရပါတယ်။စာဖတ်ရတာ ပင်ပန်းလာလို့ ရေသောက်မလို့..."
ရဲ့ကျိုးသည် စားပွဲပေါ်မှခွက်အား ကောက်ယူလိုက်ပြီး နှုတ်ခမ်းတင်ကာ သောက်တော့မည့်အချိန်တွင် ဖန်ခွက်ထဲ၌ရေမရှိကြောင်း သိလိုက်ရ၏။

ဝမ်ရန်ရွှီက ထရပ်လိုက်သည်။ရဲ့ကျိုးငြင်းဆန်လာမည်ကိုမစောင့်ဘဲ ခွက်ကိုယူကာ
"ငါရေထည့်လာပေးမယ်"

ရဲ့ကျိုးသည် တစ်ခုခုပြောချင်သော်ငြား တွေဝေနေခဲ့၏။

ဤအတောအတွင်း အခန်းဖော်များ၏ ဂရုစိုက်ခြင်းခံရသည့်အတွက် ရဲ့ကျိုးသည် ကျေးဇူးတင်မိသော်လည်း အားတုံးအားနာဖြစ်မိ၏။သူ့အား ဂရုစိုက်ပေးရသည်ကို အခန်းဖော်များက မကျေမနပ်မဖြစ်ကြောင်းသိသော်လည်း ဘာမှပြန်မပေးနိုင်သည့်အတွက် အတော်လေး ဝန်လေးမိ၏။ ခြေထောက်ဒဏ်ရာ၏ ပြန်လည်သက်သာနှုန်းက အလွန်နှေးသောကြောင့် အကူအညီမဲ့ရ၏။

ဤနှစ်ရက်အတွင်း ဆေးလိမ်းသည့်အကြိမ်ရေတိုးလိုက်ခြင်းက မြန်မြန်သက်သာလာစေရန်ဖြစ်ပြီး သူ့ဘေးရှိလူများအား အဆင်မပြေဖြစ်စေရန်မဟုတ်ပေ။

"နည်းနည်းပူတယ်နော်"
ဝမ်ရန်ရွှီသည် ရဲ့ကျိုး၏ စားပွဲပေါ်ဖန်ခွက်တင်လိုက်ပြီး သူ၏ထိုင်ခုံဆီသို့ ပြန်သွားလိုက်၏။

ရဲ့ကျိုးသည် ညာဘက်ခြေထောက်အား စိတ်မပါစွာ ကြည့်လိုက်၏။ ခြေထောက်ဒဏ်ရာပိုမိုဆိုးရွားလာပြီး ဘေးနားမှလူများအား ပြဿနာပေးမိမည်စိုးသောကြောင့် ပြန်လည်သက်သက်လာသည့်အတောအတွင်း ရဲရဲရင့်ရင့်မလှုပ်ရှားနိုင်ခဲ့။

ရှန်းဂျင်လည်း အပါအဝင်ဖြစ်သည်။

ရှန်းဂျင်နှင့် တစ်မိုးအောက်တည်း နေပြီးမှ ရဲ့ကျိုးသည် အခြားကိစ္စတစ်ခုအား ရှာဖွေတွေ့ရှိခဲ့၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now