Chapter 32

4.5K 832 62
                                    

[Unicode]ပထမဆုံးတုံ့ပြန်သူသည် ဝမ်ရန်ရွှီဖြစ်၏။
'ဟဟ' ဟုရယ်ကာ
"တအားဗိုက်ဆာလိုက်တာ ငါညစာသွားစားလိုက်ဥိးမယ်"

"ငါမင်းနဲ့လိုက်မယ်!!"

လျှိုယုထျန်းသည် ဝမ်ရန်ရွှီ၏အမြန်နှုန်းနောက် ရုတ်တရက်လိုက်နာ၏။

တခြားလူများသည် ဤသာဓကကြောင့် တတ်နိုင်သမျှဖွဖွနင်းကာ အပြင်သို့ ကစဥ့််ကလျားပြေးလွှားကြ၏။ရဲ့ကျိုး၏ဘေးသို့ဖြတ်သွားသောအခါ မျက်လုံးထောင့်မှဂရုတစိုက်ကြည့်လိုက်သေး၏။

ရဲ့ကျိုးသည် အသက်ပြင်းပြင်းရှုလိုက်ပြီး နောက်တွင်ကျန်နေသော ကျိုးဝမ်သောင်အား ဆွဲလိုက်၏။သူသည် အပြုံးတစ်ခုဖြင့်ပြောလိုက်၏။
"ဘယ်သွားမလို့လဲ? ပြီးတော့ မင်းလည်းကြီးကြီးမားမားကပ်ဆိုက်တာကိုကြုံခဲ့ဖူးသလိုပဲနော်"

ကျိုးဝမ်သောင်သည် ကြောက်ရွံ့သဖြင့်တုန်လှုပ်နေလျက် သူ့အားကြည့်လိုက်၏။ရဲ့ကျိုး၏အပြုံးအား အကြိမ်ပေါင်းမရေနိုင်အောင်မြင်ဖူးသည်မှာ သိသိသာသာပင်ဖြစ်သည်။ဘာလို့ဒီအချိန်မှတအားကြောက်စရာကောင်းနေတာလဲ?

"ပြီးတော့မင်းတို့ကောင်တွေ"
ရဲ့ကျိုးသည် ရှန်းဂျင်အားလျစ်လျှုရှုလိုက်ပြီး တံခါးအပြင်သို့ခြေလှမ်းလိုက်၏။ယောင်ခြောက်ဆယ်လုပ်နေသောလူစုအား ပြောလိုက်၏။
"ငါတို့အခန်းထဲမှာအမှိုက်ဖွသွားတယ်လေ။လှည်းမပေးတော့ဘူးလား?"

လူအုပ်တွင်ကြီးမားလှသောခွန်အားရှိ၏။မြေကြီးပေါ်မှစက္ကူများကို မကြာခင်ရှင်းလင်းလိုက်၏။

ရဲ့ကျိုးသည် ထိုင်ခုံတွင်ထိုင်လိုက်ပြီး ဘာမှမဖြစ်ခဲ့သယောင် မေးခွန်းထုတ်၏။ "မနက်ကဘယ်အချိန်ဘယ်ပြန်လာတာလဲ?"

လျှိုယုထန်းသည် သူ၏မျက်နှာအားအမြန်ကြည့်ကာ သူ၏ပုံမှန်အသွင်အပြင်သို့ပြန်လည်ရောက်ရှိနေပြီး တံခါးမှဝင်လာတုန်းကကဲ့သို့ ဖိအားမရှိတော့ကြောင်းမြင်လိုက်ရ၏သတ္တိကိုစုစည်းလိုက်ပြီး "ခုနှစ်နာရီထိုးခါနီး..."

"အဲ့လိုဆို ငါထွက်လာတုန်းကဘာလို့မတွေ့တာလဲ?"

ရဲ့ကျိုး၏အသံကစကားပြောလေလေပို၍ပုံမှန်ဖြစ်လာလေလေဖြစ်သည်။ဝမ်ရန်ရွှီနှင့်လျှိုယုထျန်းသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့အစကမြင်ဖူးခဲ့သောရဲ့ကျိုးသည် အတုဖြစ်လိမ့်မည်ဟု မသကႅာမကင်းဖြစ်နေ၏။
"မင်းတို့ထွက်သွားမယ့်အချိန်ကိုမှန်းပြီးစားသောက်ပြီးမှပြန်လာတာ"

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now