Chapter 7

6.6K 1.1K 16
                                    

Unicode
သူ၏အကိုသည် တစ်နှစ်ကြာပြီးနောက် ပြန်လာခဲ့ပြီး ရဲ့မေမေ၏ ကြိုတင်ပြင်ဆင်မှုများက ခမ်းနားကြီးကျယ်လှသည်။

ရဲ့ကျိုးသည် စာအုပ်ကိုမြှောက်ကာလှည့်နေပြီး အိပ်ယာပေါ်၌လှဲနေသည်။တစ်ခါတရံ ရဲ့မေမေ၏ ဆွေးမျုးမှာအားစိတ်လှုပ်ရှားစွာဖုန်းပြောနေသံအားကြားရသည်။ရဲ့ကျိုးသည် စာအုပ်ကိုချလိုက်ရင်း တံခါးဆီသို့သွားလိုက်ပြီး တိတ်တဆိတ်တံခါးဖွင့်လိုက်သည်။ ရဲ့မေမေ၏အသံက ရုတ်တရက်ရှင်းလင်းလာ၏။

"ဟုတ်တယ် ဒီဗုဒ္ဓဟူးနေ့မှာ အားဟန်လေးပြန်လာမှာ။နေ့လည်အတွက် ဖူဂျင်ဟိုတယ်မှာအခန်းတစ်ခန်း ကြိုမှာပြီးပြီ။အဲ့ဒီမှာလူတိုင်းစုံကြမှာ... ရဲ့ကျိုးကတော့ပြန်ရောက်ပြီ။သူကအရင်လိုပဲ..."

ရဲ့ကျိုးသည် သူ့အမေ၏ သူ့အကြောင်းပြောသည့်အခါဖြစ်သွားသော အထင်သေးသည့်လေသံအားမကြားချင်သဖြင့် တံခါးအားပိတ်လိုက်သည်။

ခဏတဖြုတ်စာအုပ်ဖတ်ပြီးနောက် ရဲ့မေမေသည်တံခါးဖွင့်လာပြီး
"အမေအပြင်သွာတော့မယ်။ညနေကျအပြင်ကမှာစားလိုက်။စာကောင်ကောင်းလုပ်။သားခံစားရတဲ့အခက်အခဲက ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ဆိုတာကိုသိသင့််တယ်"

ရဲ့ကျိုးသည် စိတ်မရှည်စွာဖြင့်
"သိပါတယ်"

ရဲ့မေမေသည် ရဲ့ကျိုး၏လေသံအားအမှုမထားခဲ့သည်မှာ
သူမစိတ်ကောင်းဝင်နေသောကြောင့်ဖြစ်နိုင်သည်။

ဧည့်ခန်းတံခါးပိတ်သံကြားလိုက်သည့်အခါ ရဲ့ကျိုးသည်မျက်နှာပေါ်သို့စာအုပ်တင်လိုက်၏။တစ်မနက်ခင်းလုံးစာအုပ်ဖတ်ထားသဖြင့် အနည်းငယ်ခေါင်းမူးလာ၏။လက်ဖြင့်ခေါင်းအုံးဆီသို့စမ်းတဝါးဝါးသွားလိုက်ပြီး ဖုန်းကိုယူလိုက်ပြီး ထလိုက်၏။တိတ်တိတ်နေသောအခန်းအတွင်း၌ မျက်နှာပေါ်မှစာအုပ်ကခုတင်အစွန်းသို့ချော်ကျသွားပြီး ဘုတ်ခနဲမြေပေါ်ကျသွားသည်။

ရဲ့ကျိုးသည် ဖတ်စာအုပ်အားကြည့်လိုက်သည်။သူသည် စာလုပ်ရတာကိုမမုန်းပေ။သို့သော် ကိုယ်တိုင်စာလုပ်ချင်သည့်စိတ်နှင့် စာလုပ်ရန်တွန်းအားပေးခံရခြင်းက မတူညီပါ။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now