Chapter-54

4.6K 767 50
                                    

[Unicode]အရင်ကတပူးပူးတတွဲတွဲနေခဲ့သော ရဲ့ကျိုးနှင့်ရှန်းဂျင်သည် တစ်ကွဲတစ်ပြားဖြစ်နေပြီး တစ်ခုခုမှားနေကြောင်းကို ဘဏ္ဍာရေးအတန်းတင်သတိထားမိသည်မဟုတ်ဘဲ သူတို့နှင့်အတန်းချိန်တူသောကျောင်းသားများနှင့် တစ်ဆောင်တည်းမှကျောင်းသားများလည်း တစ်ခုခုမှားနေကြောင်းခံစားနေရ၏။ထိုသို့သတိပြုမိရန်တစ်ပတ်ပင်မကြာပေ။

မကြာမှီတွင် postအသစ်တစ်ခုက “မှောင်မိုက်တဲ့စာမေးပွဲအပတ်ကတော့ထပ်လာနေပြန်ပြီ…” ဟူသော ခေါင်းစဥ်ဖြင့် BBSပေါ်တွင်သတင်းပြေးနေ၏။

LZ: ငါ မြေပိုင်ရှင်အနေနဲ့ ဘာမှမပြောချင်ဘူး တိတ်တိတ်ဆိတ်ဆိတ်ပဲနေချင်တယ်!

1L: ရှန်းရဲ့နဲ့အဆောင်တူတဲ့သူအနေနဲ့ပြောရရင် ကားအမှတ်ရှန်းရဲ့ကိုသူတို့မထိတာတော်တော်ကြာပြီ…

2L: ရှန်းရဲ့နဲ့တစ်လွှာတည်းနေတဲ့သူအနေနဲ့ပြောရရင် ရှန်းဂျင်ရဲ့စတော်ဘယ်ရီပင်မရှိတော့ဘူး…

3L: ရှန်းရဲ့နဲ့တစ်ဆောင်တည်းနေတဲ့သူအနေနဲ့ပြောရရင် ရှန်းဂျင်ကအဆောင်မှာမနေတော့ဘူး…

4L: ရှန်းရဲ့နဲ့တစ်ကျောင်းတည်းသားအနေနဲ့ပြောရရင် ဒီနှစ်ဝက်မှာငါကျဖို့ရှစ်ဆယ်ရာခိုင်နှုန်းသေချာတယ်…

5L: ဘာမှမပြောတော့ဘူး ခေါင်းထဲကိုအမြန်ပြွတ်သိပ်ထည့်တော့မယ်!

သို့သော်လည်း ပတ်ဝန်းကျင်မှကျောင်းသားများဤသည်ကိုသဘောပေါက်လိုက်ချိန်တွင် ကျောင်းသင်ခန်းစာအများစုသည်ပြီးဆုံးနေပြီဖြစ်၏။ .

ရှန်းဂျင်အတန်းပြင်ရောက်သည်နှင့် သူ၏အရိပ်ကိုပင်မမြင်ရတော့ပေ။

ဤသည်ကဘဏ္ဍာရေးဌာနမှလူများအားဝမ်းနည်းစေ၏။သူတို့နှစ်ဦးအတွက်အခွင့်အရေးများဖန်တီးပေးချင်လျှင်တောင် မလုပ်ပေးနိုင်ပေ!

ဤသည်တွင် တစ်ခုခုပြောချင်သော်လည်းတွန့်ဆုတ်နေပြီး စိတ်တိုနေသော ရဲ့ကျိုးအား နေ့တိုင်းမြင်နေကြရ၏။စောစောအိပ်ယာထ၍ နံနက်စာစားပြီးသည်နှင့်  စာကြည့်တိုက်တွင်သာ တွင်းအောင်းနေပြီး စာကြည့်တိုက်ပိတ်သည့်အချိန်ရောက်မှ အဆောင်သို့ပြန်လာ၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now