Chapter 30

4K 805 6
                                    

[Unicode]ရဲ့ကျိုးသည် လုံးဝမမူးသေးသော်လည်း တိတ်ဆိတ်သောအခန်း၏မီးရောင်မှိန်မှိန်တွင် တင့်တယ်စွာဘီယာသောက်နေသော တစ်ဖက်လူကိုကြည့်လိုက်ရင်း သူ၏မှေးနေသောမျက်လုံးများက သတိလက်လွတ်အထင်ကြီးမိနေ၏။အရက်ကြောင့်မူးယစ်ခြင်းမဟုတ်ဘဲ လူတစ်ယောက်ကြောင့်မူးယစ်ခြင်းဖြစ်၏။မမျှော်လင့်စွာဘဲ ခေါင်းကမူးဝေလာ၏။

ဤကဲ့သို့အနားယူနေသည့်အချိန်တွင် ရဲ့ကျိုးသည် ပုံမှန်အတိုင်းဆိုလျှင်ပြောမည်မဟုတ်သော ရှန်းဂျင်အပေါ်မကျေနပ်သည်ကို မရည်ရွယ်ဘဲပြောလိုက်၏။

ရှန်းဂျင်သည်ဘီယာဘူးကိုအောက်ချလိုက်ပြီး တစ်ဖက်လူကိုအတည်အကြည်စကားပြော၍ရမရအကဲခတ်ပြီး ရဲ့ကျိုး၏အသွင်အပြင်ကို စစ်ဆေးလိုက်၏။
“ဘီယာဘူးကိုတောင်မကိုင်နိုင်ဘဲနဲ့ ငါ့ကိုဘယ်လိုသောက်ရမလဲပြောချင်တုန်းလား?”

ရဲ့ကျိုးသည် ပါးစပ်ရွဲ့စောင်းလိုက်ပြီး သူ့အားစိုက်ကြည့်လိုက်၏။ “ငါဆိုလိုချင်တာအဲ့လိုမဟုတ်ဘူး”

ရှန်းဂျင်သည် လျစ်လျှုရှုကာ ဖြည်းဖြည်းချင်းဆက်သောက်နေ၏။

“ရှန်းဂျင် မင်းပြော မင်းမွေးတဲ့အချိန်မှာ ဘုရားသခင်က တံခါးနဲ့ပြတင်းပေါက်တွေဖွင့်ပေးရုံမကဘဲနဲ့ အံ့သြစရာတောင်ပံတစ်စုံလည်းကူတပ်ပေးသေးတယ်မလား?”
ရဲ့ကျိုးတွင်ပြောစရာစကားများလုံလုံလောက်လောက်ရှိပြီးသားဖြစ်၏။အရက်သောက်လိုက်ချိန်တွင် လုံးဝလက်မခံနိုင်လောက်အောင် လေပန်းမိလာ၏။
“မဟုတ်ရင် ပန်းသီးရောင်းတုန်းက ငါ့ထက်ပိုကောင်းအောင်ဘယ်လိုရောင်းလိုက်တာလဲ?”

ရှန်းဂျင်သည် နှာမှုတ်လိုက်ပြီး ရဲ့ကျိုး၏မေးခွန်ကိုမဖြေခဲ့။ထိုအစား ခေါင်းစဥ်ပြောင်းလိုက်၏။
“ကလေးဘဝကတည်းက ပထမနေရာကိုဘယ်တော့မှတကယ်မရဖူးလား?”

ရဲ့ကျိုးသည် စာမေးပွဲများတွင်Dမြို့တော်၏ဖြစ်ကြောင်း ဒုတိယအရင်တစ်ခါဖိုရမ်မှကြားပြီးနောက်ပိုင်း ရှန်းဂျင်သည် ထိပ်ဆုံးစံချိန်၏ရမှတ်ကို အထူးစစ်ဆေးကြည့်ခဲ့ရာ သူ့ထက်ဆယ်မှတ်ပိုဆိုးကြောင်းတွေ့လိုက်ရ၏။သို့သော်လည်း ရဲ့ကျိုးအတွက်မူ တစ်နိုင်ငံလုံးတွင် ဤအမှတ်အားရရှိရန်သည်အလုံအလောက်ကိုဖြုံလောက်သည်။ဒုတိယနေရာဖြစ်သော်လည်း ဤရလဒ်ကိုအလွန်တိကျစွာဆုပ်ကိုင်ထားနိုင်သော တစ်စုံတစ်ယောက်ကိုတွေ့ကြုံရသည်မှာ ရှန်းဂျင်အတွက်ပထမဆုံးဖြစ်သည်။အချိိန်တိုင်းတွင် ပထမနေရာအောက်အနည်းငယ်သာဆိုးရွားသည်။အခြေအတင်ဖြစ်နေသောရဲ့ကျိုးကိုမူ ရှန်းဂျင်လည်းတကယ်နားမလည်နိုင်ပေ။မဟုတ်လျှင် အချိန်တိုင်းတွင်ရဲ့ကျိုးက သူ့အား ပြိုင်ဘက်တစ်ယောက်လို အဘယ်ကြောင့်သဘောထားပြီး သူ့ထက်သာလွန်ချင်ရသနည်း? ထို့ကြောင့် မလွှဲမရှောင်သာအလွန်သနားစရာကောင်းနေခြင်းထက်…သူကတမင်တကာလုပ်နေခြင်းမဟုတ်ဟုမှတ်ယူနိုင်သည်။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now