Chapter 11

5.5K 1K 6
                                    

UNICODE

ဂိမ်းပွင့်လာသောအခါ ရှန်းဂျင်သည် ရဲ့ကျိုးအား အာရုံစိုက်မနေတော့။

ရဲ့ကျိုးသည် သန့်ရှင်းရေးလုပ်ပြီးဖြစ်၍ ချိုချဥ်ကိုဆုပ်ကိုင်ကာ ထွက်ခွာရန်ပြင်လိုက်၏။သူ၏မျက်လုံးများသည် ရှန်းဂျင်၏ဂိမ်းမျက်နှာပြင်ပေါ်သို့ အကြည့်ရောက်သွား၏။

အစစ်အမှန်ဘဝကြီးနှင့်အလုပ်ရှုပ်နေသောလူတစ်ယောက်အနေဖြင့် ဤကဲ့သို့ဂိမ်းမျိုးက သူနှင့်အနည်းငယ်အလှမ်းဝေး၏။

သူသာ ရှန်းဂျင်၏ဂိမ်းစစ်ဆင်ရေးအားမကြည့်မိပါက ခေါင်းပေါ်တွင် ရိုးရှင်းသောအဆင်တန်ဆာနှင့်
တဖျပ်ဖျပ်ပျံ့လွင့်နေသော နတ်သမီးဂါဝန်ဝတ်ထားသော မိန်းကလေးသည် ရှန်းဂျင်ဟု လုံးဝထင်လိမ့်မည်မဟုတ်။အတိအကျပြောရလျှင် ထိုမိန်းကလေးက ရှန်းဂျင်၏ဂိမ်းဇာတ်ကောင်ဖြစ်၏။

“မင်း မိန်းကလေးဇာတ်ကောင် ကိုင်တာလား??”
ရဲ့ကျိုးသည် မနေနိုင်ဘဲ ရှန်းဂျင်အား အနည်းငယ်ထပ်၍ကြည့်မိ၏။ဒါကလုံးဝကိုထင်မထားသည့်အရာ။

ရှန်းဂျင်သည် ဤကိစ္စက ကမ္ဘာကြီးအား တုန်လှုပ်စေနိုင်မည့် အဖြစ်အပျက်ဟု မထင်ပါချေ။ဒါက ဂိမ်းတစ်ခုသာဖြစ်သည်။စစ်ဆင်ရေးသာကောင်းကောင်းလုပ်နိုင်လျှင် ယောကျ်ားလေးဇာတ်ကောင်ဖြစ်ဖြစ် မိန်းကလေးဇာတ်ကောင်ဖြစ်ဖြစ် အရေးမပါချေ။
“ဟုတ်တယ်”

ရှရှန်းကျိုး

နာမည်က လုံးဝကြီးမိန်းမဆန်မနေ။

ရဲ့ကျိုးသည် ခွေးခြေခုံအားရွှေ့လိုက်၏။ရှန်းဂျင်ဘေးတွင်ထိုင်ရင်း ထိုအရာက ထာဝရသတ်မှတ်ထားသည့်နေရာကဲ့သို့ ခံစားခဲ့ရ၏။

ရှန်းဂျင်သည် သူ့အားတစ်ချက်ကြည့်လိုက်၏။သူ၏မျက်လုံးများက ဂိမ်းအပေါ်တွင်သာရှိနေကြောင်း မြင်လိုက်သည့်အခါ ဘာမှမပြောဘဲ ဂိမ်းစစ်ဆင်ရေးဆက်လုပ်လိုက်၏။

ထိုအချိန်က ရဲ့ကျိုး၏စိတ်ထဲတွင် မြင်ယောင်ကြည့်နေသည့်အရာအား မည်သူသိလိမ့်မည်နည်း။

သူသည် ရှန်းဂျင်ကမိန်းကလေးဇာတ်ကောင်ဖြင့် ကစားလိမ့်မည်ဟု မျှော်လင့်မထားခဲ့။မိန်းကလေးအဖြစ် ဟန်ဆောင်ရုပ်ဖျက်ပြီး အတော်အတန်နုနွယ်သိမ်မွေ့စွာ စကားပြောလိမ့်မည်လား မသိ။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now