Chapter 24

3.6K 707 10
                                    

UNICODE
ဒီဇင်ဘာလသို့ ဝင်လာသည်နှင့် ကျောင်းဆင်းညနေခင်းအချိန်များက ပို၍ပို၍ကြာရှည်လာ၏။

ရဲ့ကျိုးသည် သူပြောခဲ့သလိုအမှန်တကယ်လုပ်ခဲ့ပြီး စာမေးပွဲအတွက်အလွန်လေးနက်စွာပြင်ဆင်နေ၏။ကျောင်းစာအုပ်များဖတ်ခြင်းသာမက စာကြည့်တိုက်သို့သွားကာ ဘဏ္ဍာရေးနှင့်ဆိုင်သောစာအုပ်များကိုလည်း မကြာခဏဖတ်လေ့ရှိ၏။ညအချိန်ပြန်ရောက်သည့်အခါတွင် လက်ရှိဖြစ်ပျက်နေသောသတင်းများကို အာရုံစိုက်ပြီး ကျောင်းနားသည့်အချိန်တွင် အချိန်ပိုအပြည့်အဝပိုင်ဆိုင်၏။

ပြီးလျှင် ရှန်းဂျင်သည် အခန်း405၏ “ချန်ထားခြင်းခံရသောကလေး” ဘဝသို့ တရားဝင်ရောက်ရှိခဲ့၏။အချိန်တိုင်းတွင် စာသင်နှစ်ဝက်၏အဆုံးသည် လျှင်မြန်စွာရောက်ရှိလာတတ်ပြီး ယခုလည်းဤကဲ့သို့သာဖြစ်သင့်သည်။ဤနှစ်တစ်နှစ်ကသာ သီးခြားဆန်စွာ ကို့ရို့ကားယားနိုင်နေ၏။

နားကြပ်ချွတ်လိုက်သည့်အချိန်တိုင်းတွင် ရဲ့ကျိူးစာအုပ်လှန်နေသံအား ထပ်၍မကြားရတော့။ဒါမှမဟုတ်လျှင်လည်း သူမတ်တ်ရပ်လိုက်သည့်အချိန်တွင် တစ်ဖက်လူမေးခွန်းမေးသည့်အသံအား မကြားနိုင်တော့။တစ်စုံတစ်ခုကပျောက်ဆုံးနေသယောင် အမြဲတမ်းခံစားနေရ၏။

လေအေးများတိုက်ခတ်လာသည့်အချိန်တွင် ပတ်ဝန်းကျင်ရှိလူများက နှင်းကျမကျကို နေ့တိုင်းဆွေးနွေးကြ၏။သို့သော်လည်း မျှော်လင့်ထားသလို နှင်းကျမလာခဲ့သော်လည်း သည်းထန်သောမိုးနှင့်အစားထိုးလိုက်ခြင်းဖြစ်ကြောင်း သိရှိလိုက်၏။

ဤဆိုးရွားသောရာသီဥတုထဲတွင် “ကားအမှတ်စဥ်ရှန်းရဲ့”သည် ရုတ်တရက်လူကြိုက်များသော လူသုံးကုန်တစ်ခုဖြစ်လာ၏။

သင်တန်းအများကြီးမရှိသောကြောင့် ရဲ့ကျိုးနှင့်ရှန်းဂျင်သည် အတန်းတက်ဖို့ကလွဲ၍ သုံးဘီးကားငယ်လေးအား အသုံးမပြုပေ။စာကြည့်တိုက်သည် အမျိုးသားအဆောင်နှင့် 15မိနစ်စာသာဝေးသောကြောင့် ရှန်းဂျင်အခန်းထဲ၌သာရှိနေစဥ်တွင် ရဲ့ကျိုးသည် အချိန်တိုင်းတိုက်ရိုက်လမ်းလျှောက်၍သွား၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now