Chapter 6

7.8K 1.2K 67
                                    

UNICODE
ရဲ့ကျိုးသည်အကြည့်တစ်ချက် အရင်ပစ်လိုက်ပြီး သရော်လိုက်၏။
"ငါကဘာကိုကြောက်ရမှာလဲ?"

"ဟုတ်တယ် ငါလည်းထူးဆန်းတယ်လို့ထင်တယ်"
ရှန်းးဂျင်သည် ဇဝေဇဝါဖြင့်
" လူတွေကအထင်လွဲနေရုံပဲမလား မင်းကကြိုက်..."

ရဲ့ကျိုးသည်အလျင်အမြန်ထရပ်လိုက်ပြီး ရှန်းဂျင်၏ပါးစပ်အား အုပ်လိုက်သည့်အခါ 'ငါ့ကို' ဟူသောစကားလုံးသည် ထွက်ကျမလာခဲ့။
"မင်းက ဘေးမှာဘယ်သူမှမရှိသလိုလုပ်နေတာပဲ။အခု ငါတို့က ရထားတစ်စီးပေါ်မှာနော်!"

ရှန်းဂျင်သည် မျက်တောင်ခတ်လိုက်၏။သူ့ပါးစပ်အား အုပ်ထားသောကြောင့်စကားမပြောနိုင်သော်လည်း မျက်လုံးများက သူပြောချင်သော 'အဲ့တော့ဘာဖြစ်လဲ' ဆိုသည့် ပုံစံကို တိတိကျကျဖော်ပြနေသည်။

ရဲ့ကျိုးသည် ထိုအကြောင်းတွေးလိုက်၏။ ရှန်းဂျင်က အတင်း​စကားကို ဘယ်အချိန်ကကြောက်သွားတာလဲ? သူက သူ့လုပ်ရပ်တွေနဲ့ပက်သက်တဲ့ အတင်းစကားကိုတောင် ကောင်းကောင်းသတိထားခဲ့တာပဲ။သူ၏လက်အားဖြေလျော့လိုက်ပြီး အားအင်မရှိသည့်ပုံစံဖြင့် ထိုင်ခုံတွင်ပြန်ထိုင်လိုက်သည်။ရှန်းဂျင်အားစိုက်ကြည့်လိုက်ပြီး
"ဟေး မင်းရဲ့ဆောင်ပုဒ်က 'ဖြစ်လာပြီဆိုမှတော့ လက်ခံလိုက်' ဆိုတာလား?''

"ဆောင်ပုဒ်?" ရှန်းဂျင်သည် ဖက်လက်စမဂ္ဂဇင်းအားကောက်ကိုင်လိုက်ပြီး ဂရုမစိုက်စွာဖြင့်
"အဲ့အရာက ဘာအသုံးဝင်တာလဲ?"

ထို 'မထူးဆန်းလှ' ဟူသည့် အသွင်အပြင်သည် အမှန်ပင် တော်တော်မုန်းဖို့ကောင်း၏။

ရဲ့ကျိုးသည် ခရီးသွားနေစဥ်ဖုန်းကြည့်သည်ကို မည်သည့်အခါကမှ မကြိုက်ခဲ့ပါ။အချိန်တော်တော်များတွင် အိပ်သည်။ဒီတစ်ကြိမ်လည်း ထိုင်ခုံအားကျောမှီလိုက်ပြီး ငိုက်မြည်းလျက် အိပ်ပျော်သွားသည်။

ရှန်းဂျင်သည် မဂ္ဂဇင်းအားလက်ဖြင့်တောက်နေရင်း မမျှော်လင့်ဘဲ ခေါင်းတစ်လုံးက သူ့ပုခုံးပေါ်သို့ မှီလာ၏။ခေါင်းလှည့်လိုက်ပြီး တစ်ဖက်လူ၏ဆံပင်အား ပါးဖြင့်အသာအာပွတ်သပ်လိုက်၏။သူ၏အပြူအမူများ ဒယိမ်းဒယိုင်ဖြစ်သွားရပြီး မဂ္ဂဇင်းဆီသို့ အာရုံပြန်ပို့လိုက်သည်။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now