Chapter 10

6.6K 1K 3
                                    

UNICODE

ကျိုးဝမ်သောင်လက်ခံရရှိခဲ့သောဝမ်းနည်းဖွယ်ရာအဖြစ်အပျက်ကား ပြောစရာပင်မလို။ချွေးမဖြစ်သူသည် တစ်ညလုံးအိပ်ရာပေါ်တွင်ကျုံ့နေသကဲ့သို့ သူ၏အမှားများကိုပြန်လည်သုံးသပ်ရန်အတွက်နံရံကိုမျက်နှာမူနေခဲ့ရသည်။ရွှီယန်ကျွင်းက ရဲ့ကျိုး၏ပခုံးကိုပုတ်ပြီး“ ညီအကို၊ မင်းကိုငါနားလည်တယ်။အကယ်၍ တစ်ယောက်ယောက်က ငါကနတ်သမီးရဲ့ဝတ်လစ်စလစ်ဓပုံတွေလိုချင်တယ်လို့ ငါ့နတ်သမီးရဲ့ရှေ့မှာပြောခဲ့ရင်  ငါလည်းငါ့နတ်ဘုရားမရဲ့ရှေ့မှာ မျက်နှာပြရဲမှာမဟုတ်ဘူးလို့ငါထင်တယ်။ ”

ရဲ့ကျိုးသည် ရွှီယမ်ကျွင်း၏လက်ကိုကလော်၍ ဖယ်လိုက်ပြီးသူ၏စိတ်ထဲတွင်စဉ်းစားနေခဲ့သည်။ အကယ်၍ ရှန်းဂျင်ကတကယ်ပဲငါ့ရဲ့နတ်ဘုရားဆိုရင် ငါလည်းဝန်ခံမယ်!တကယ့်အဖြေကသူမဟုတ်တာပဲ!

ရဲ့ကျိုးသည် ဤအကြောင်းကိုပြောရင်း ခြေလှမ်းအနည်းငယ်လှမ်းပြီးအိပ်ရာပေါ်တက်ခဲ့သည်။ သူသည် ဖုန်းထဲတွင်ဂရုတစိုက်သိမ်းဆည်းထားသော ထန်သုံသုံ၏ဓာတ်ပုံကိုဖွင့်လိုက်သည်။

ဓာတ်ပုံထဲမှကောင်လေးသည်သူ၏မျက်နှာဝိုင်းဝိုင်းနှင့်မျက်လုံးမှေးမှေးများကရှက်ရွံစွာရယ်မောနေပြီး သူ့ပေါ်သို့နေရောင်ခြည်ဖြာကျနေပုံမှာ ရွှေရောင်အလင်းတန်းတစ်ခုဖြင့်ဖုံးအုပ်ထားသည့်ပုံထင်ရသည်။

ရဲ့ကျိုးသည်သူ၏စိတ်တိုလွယ်သောစိတ်ကိုသက်သာစေသည်ဟုခံစားခဲ့ရပြီးဖုန်းalbumကိုဆက်လက်ရှာဖွေလိုက်သည်။ ရလဒ်အနေဖြင့်ဓာတ်ပုံများစွာကိုလှန်လှောကြည့်ပြီးနောက် ကျိုးဝမ်သောင် လွန်ခံ့သည့်နှစ်ရက်ကပေးပို့ခဲ့သော ရှန်းဂျင်၏အိပ်နေသောမျက်နှာပုံသည် သူ၏ဖုန်းမျက်နှာပြင်ပေါ်တွင်တောက်ပစွာလင်းလက်နေသည်

ငါဒီပုံကိုsaveမလုပ်ခဲ့ပါဘူး !!

ရဲ့ကျ်ုးသည်၎င်းကိုဖျက်ရန်ဒေါသတကြီးပြင်ဆင်ထားသော်လည်း confirmမနှိပ်ခင် မနေနိုင်ဘဲရပ်တန့်ခဲ့ရသည်။

အိပ်ပျော်နေသည့်ရှန်းဂျင်၏နဖူးပေါ်တွင် လျော့ရဲနေသောဆံနွယ်မျှင်အနည်းငယ်ကျဆင်းနေသည်။ စိတ်ခံစားမှုများကိုပြသခဲသော မျက်လုံးများပိတ်သွားပြီးနောက်တွင် လူထုအား ရှန်းဂျင်ပေးသော သီးခြားရပ်တည်မှုဟူသည့် ခံစားချက်ပျောက်ကွယ်သွားပြီး လူတစ်ဥိးလုံးသည် ပို၍ နူးညံ့ပျော့ပြောင်းနေသည်။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now