Chapter 36

3.5K 748 30
                                    

[Unicode]တချို့သောအရာများသည်မမှတ်မိလျှင်အဆင်ပြေသော်လည်း မှတ်မိပြီးတစ်ခုခုနည်းနည်းလေးမှလုပ်မပေးလိုက်ရလျှင် အမြဲတမ်းအလွန်အားတုံ့အားနာဖြစ်နေပေလိမ့်မည်။

ဝန်ထမ်းသည်ယဥ်ကျေးစွာပြုံး၍ပြော၏။ “မဂႅလာပါ စုစုပေါင်းတစ်ရာ့ခြောက်ယွမ်ကျပါတယ်။ကဒ်နဲ့ရှင်းမလားလားငွေသားနဲ့လားရှင့်?”

“နေဦး”
ရဲ့ကျိုးသည် ယခုလေးတင်မိန်းမကြီးယူသွားသောကိတ်အား လက်ညှိုးထိုး၍
“အဲ့လိုကိတ်မျိုးရှိသေးလား?”

“တောင်ပန်ပါတယ်ရှင့် ကိတ်ပုံစံတစ်မျိုးကို ပြသဖို့တစ်ခုပဲလုပ်ပါတယ်။ခင်းကျင်းထားတဲ့ကိတ်ကို အခုလေးတင်အမျိုးသမီးတစ်ဦးကဝယ်သွားပါပြီ လက်ကျန်မရှိတော့ပါဘူး။တစ်ခြားပုံစံတွေကိုကြည့်ကြည့်ရင်ရောဘယ်လိုလဲ?”

ကျန်သောကိတ်သုံးမျိုးသည် အီတလီကော်ဖီအရသာကိတ်၊လက်ဖက်စိမ်းကိတ်နှင့် ကလေများအတွက်
ကာတွန်းကိတ်ဖြစ်သည်။ကာတွန်းကိတ်ပေါ်မှစတော်ဘယ်ရီနှစ်လုံးကလွဲလျှင် တခြားကိတ်နှစ်လုံးတွင်စတော်ဘယ်ရီမပါပေ။

“အခုနကစတော်ဘယ်ရီကိတ်လိုမျိုးလုပ်ပေးနိုင်မလား?”

ငွေကိုင်သည် ခက်ခဲမှုဖြင့်ပြော၏။ “ကျွန်မတို့ရဲ့ကိတ်တွေကကြိုမှာရတာပါ”

“ပိုက်ဆံပိုပေးနိုင်ပါတယ်”
ရဲ့ကျိားသည်သူ၏လက်များအားအတူထပ်လိုက်ကာတောင်းပန်၏။
“ကျွန်တော့်အတွက်ကူခွင့်တောင်းပေးနိုင်မလား?”

ချောမောသောကောင်လေး၏တိုက်ခိုက်မှုအားမခုခံနိုင်သော ငွေကိုင်သည် ရှက်သွေးဖြာကာ သူမ၏လုပ်ဖော်ကိုင်ဖက်အားမန်နေဂျာကိုမေးစေလိုက်၏။

မန်နေဂျာကငဘောတူသော်လည်း သူစမလုပ်ခင်11:30ထိစောင့်ရမည်ဖြစ်၏။

ရဲ့ကျိုးသည်အချိန်ကြည့်ပြီးပြော၏။ 
“ကောင်းပြီ ပြီးသွားရင် ကျွန်တော့်ကိုဖုန်းခေါ်လိုက်။ကျွန်တော်ဒီအနီးအနားမှာပဲရှိနေမှာ”
ရဲ့ကျိုးသည်ပိုက်ဆံရှင်းကာ ပြန်အမ်းငွေအားအိတ်ကပ်ထဲထည့်၍ဆိုင်ထဲတွင်ရွေးထားသောအချိုမုန့်များကိုလည်းအတူထည့်လိုက်၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now