Chapter 42

3.9K 801 47
                                    

[Unicode]ရှန်းဂျင်သည်လည်း သူကြားလိုက်သည်ကိုလက်မခံလိုသော်လည်း သူဝင်လာသည်ကိုမပိတ်ပင်ပေ။

ရှီရှုဟန်သည် သရက်သီးထုပ်အားစားပွဲပေါ်တင်၍ လက်များကိုပွတ်သပ်၍ အရေးတယူမေး၏။ “အစ်ကိုရှန်းဂျင် မနေ့ကကျွန်တော့မှာမျက်လုံးမပါဘဲ အခြေအနေကိုနားမလည်ခဲ့ဘူး”

ရှန်းဂျင်သည် သူ၏အမည်တပ်ခေါ်ဝေါ်မှုအားဂရုမစိုက်ပေ။တံခါးပိတ်၍ ထိုင်ခုံတွင်ပြန်ထိုင်ကာ မေးစေ့ကိုကိုင်၍၊နောက်ဆက်ပြောမည့်စကားအားစောင့်ဆိုင်းနေ၏။ 

“ကျွန်တော့်သူငယ်ချင်းကရှင်းပြတယ် အစ်ကိုကစီနီယာရဲ့ကျိုးနဲ့သူငယ်ချင်းကောင်းတွေတဲ့”
ရှီရှုဟန်သည်ယဥ်ကျေးမနေတော့ဘဲ လျှိုယုထျန်း၏ထိုင်ခုံတွင်ထိုင်၍
“မနေ့ကအစ်ကိုပြောလိုက်တာက ကျွန်တော့်ရဲ့မဆင်မခြင်လုပ်ရပ်ကြောင့် စီနီယာရဲ့ကျိုးပြဿနာတက်သွားလို့ဖြစ်မယ် ဟုတ်တယ်မလား? စီနီယာရဲ့ကျိုးရဲ့ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ထိုက်ပါတယ် သူ့ကိုအရမ်းအရေးထားတာပဲ”

“အဲ့တော့?”

“မနေ့ကကျွန်တော် စီနီယာရဲ့ကျိုးကိုစိတ်မချမ်းသာအောင်လုပ်ခဲ့မိတယ်နဲ့တူတယ်။အဲ့တာကြောင့် အစ်ကို့ဆီက စီနီယာရဲ့ကျိုးကြိုက်တတ်တာတွေကိုမေးပြီး သူ့ရဲ့ကျွန်တော့်အပေါ်သဘောထားတိုးတက်လာမလားကြည့်ချင်လို့်”

“အဲ့တော့ ဒီလိုပေါ့”
ရှန်းဂျင်သည် ထိုင်နေသည့်ပုံစံပြောင်းရင်း မျက်တောင်မခတ်ဘဲ မျက်နှာပေါ်မှမလိုလားမှု၏အရိပ်အယောင်ကိုပင် မပြသပေ။

ကိစ္စများက အကောင်းဘက်သို့လှည့်လာကြောင်းသိလိုက်ပြီး ရှီရှုဟန်သည် အိတ်ကပ်ထဲမှ မှတ်စုစာရွက်ကတ်နှင့်ဘောပင်ထုတ်လိုက်၏။မှတ်စုရေးရန်အပြည့်အဝရည်ရွယ်နေသည့်အသွင်အပ့င်ရှိပြီး ပြော၏။ 
“ပထမဆုံး အစားအစာနဲ့စရအောင်။အစ်ကိုရှန်းဂျင် စီနီယာရဲ့ကျိုးက ဘာတွေကိုစားရတာ၊သောက်ရတာကြိုက်လဲ?”

ရှန်းဂျင်သည် ရှီရှုဟန်ယူလာသောသရက်သီးတစ်လုံးအားယူ၍ ရယ်၍ပြော၏။  
“မင်းကအရမ်းစိတ်ရောကိုယ်ပါဖြစ်နေမှတော့ ငါမင်းကိုမပြောပြဖို့မဖြစ်တော့ဘူး”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now