Chapter 40

4.1K 798 13
                                    

[Unicode]တိတ်ဆိတ်သောကျောင်းပရဝုဏ်သည်သက်ဝင်လှုပ်ရှားနေပြီး အမျိုးမျိုးသောနေရာတို့မှကျောင်းသားများသည် အားကစားကွင်းတွင်စုဝေးနေ၏။

ရှန်းယို့ယို့၏လက်တစ်ဖက်စီအားတွဲခေါ်လာသော ရှန်းဂျင်နှင့်ရဲ့ကျိုးသည် ရှန်းယို့ယို့အားလှေကားများမှတဆင့်အောက်ထပ်သို့ချီပိုးလာပြီး လမ်းတစ်လျှောက်လုံးသူမ၏လက်အားလွှဲရမ်းလာခဲ့၏။

အောက်ထပ်သို့ရောက်သောအခါ ရှန်းယို့ယို့၏လက်များအားလွှတ်လိုက်၏။မတူညီသည့်ဆံပင်စည်းနှစ်ခုအားပန်ဆင်ထားသောရှန်းယို့ယို့သည် ခုန်ဆွခုန်ဆွဖြင့်အဆောက်အဦးအထက်များမှအောက်ထပ်သို့ဆင်းလာ၏။မတ်မတ်ရပ်လိုက်ပြီးသူတို့နှစ်ဦး၏နောက်ရှိကားရပ်ထားသည့်ရုံအားလက်ညှိုးထိုး၍ 
“ကိုကြီး အဲ့ကားကအရမ်းလှတယ်”

ရဲ့ကျိုး၏မျက်လုံးများသည်ချီးကျူးခံရမှာကြောင့်တောက်ပလာ၏။ 
“မြင်တတ်တာပဲ!”

ရှန်းယို့ယို့သည်ခြေလှမ်းအတော်များများလျှောက်သွားလိုက်၏။သူမသည်ကားအမှတ်ရှန်းရဲ့ရှေ့တွင်ရပ်လိုက်သော်လည်း မထိရဲပေ။

ရဲ့ကျိုးသည်ရှန်းယို့ယို့အားကောက်ချီ၍မေး၏။  
“ကလေးလေး ထိုင်ချင်လား?”

ရှန်းယို့ယို့သည်ရှိသမျှအားအင်အကုန်လုံးဖြင့်ခေါင်းညိတ်၏။

“ထိုင်ချင်ရင်ထိုင်လိုက်။ဒါကအကိုတို့ကား”

ရှန်းဂျင်သည်ရှေ့တံခါးအားဖွင့်လိုက်၏။ရှန်းယို့ယို့၏လက်တစ်ဖက်ကရဲ့ကျိုး၏ပုခုံးအားထောက်ကိုင်၍ ကျန်လက်တစ်ဖက်ကကားပေါ်မှပုံစံဖော်ထားသောအဆင်အယင်အားလက်ညှိုးထိုး၍
“အနီ၊အစိမ်း၊အပြာ၊အမည်း၊အဝါ…”

“ကလေးကအရောင်တွေအများကြီးကိုသိတာပဲ တကယ်အံ့သြဖို့ကောင်းတယ်!”
ရဲ့ကျိုးသည်ရှန်းယို့ယို့အားအနောက်ခန်းထဲသို့တင်ပေး၍ သူမနဲ့နှင့်အတူဝင်လိုက်၏။လမ်းတစ်လျှောက်လုံးတွင် ရှန်းယို့ယို့သည်ပြတင်းပေါက်အပြင်ဘက်သို့ကြည့်ရန် ထိုင်ခုံပေါ်ဒူးထောက်ပြီးရဲ့ကျိုးနှင့်စကားပြော၍လိုက်ပါလာခဲ့၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now