Chapter 23

3.8K 691 14
                                    

အဆုံးတွင် 'သမီး' ဟူသောစကားလုံးသည် အတည်တကျမဖြေရသေးဘဲ ပြီးသွား၏။

သို့သော်လည်း ရဲ့ကျိုးသည် ဤသုံးဘီးကားငယ်လေးအား ရင်ဝယ်သားကဲ့သို့ မြတ်နိုးပေ၏။နည်းနည်းလေးသာ...

စနေတနင်္ဂနွေကိုကျော်လွန်ပြီး တစ်ပတ်လုံးနီးပါး နေပျောက်ခဲ့၏။နေသည် နောက်ဆုံးတွင် အပြာရောင်ကောင်းကင်ထက်၌ တွဲလဲခိုလာပြီး မိုးက အညစ်အကြေးအားလုံးကိုဆေးကြောလိုက်၏။သုံးဘီးကားအနီရောင်လေးသည် နေရောင်ထဲတွင် တောက်ပစွာလင်းလက်နေ၏။ရဲ့ကျိုးသည် ဝရံတာတွင် အဝတ်များအား အခြောက်လှန်းနေပြီး မျက်လုံးထောင့်က ယာဥ်တန်းထဲမှ အနီရောင်အစွန်းအထင်းလေးတစ်ခုအား ဖြတ်သွား၏။ဤအကြောင်းကို အခန်းထဲတွင်ရှိသော နောက်ထပ်တစ်ဦးတည်းသောသူ သုံးဘီးကား၏ နောက်ထပ်ပိုင်ရှင်ဖြစ်သော ရှန်းဂျင်နှင့်ဆွေးနွေးခဲ့၏။
"သုံးဘီးရဲ့အရောင်က နည်းနည်းအတော်လေးမလှဘူးလို့ ထင်လား?"

ရှန်းဂျင်သည် ဖတ်နေသောစာအုပ်အား ချလိုက်ပြီး ထိုင်ခုံတွင်ကျောမှီ၍ ပြောလိုက်၏။
"မင်းကတကယ်ကို သမီးတစ်ယောက်ကို ပျိုးထောင်သလိုမှတ်ယူနေတာပဲ။ပြီးတော့ အဝတ်အစားလည်းလဲပေးချင်နေသေးတာလား?"

"ဒါကိုမပြောဘဲမနေနိုင်ဘူးလား!!"
ရဲ့ကျိုးသည် အရှက်ရပြီးအမျက်ချောင်းချောင်းထွက်သွား၏။
"ငါမင်းကိုအတည်ပြောနေတာ။ကောင်းကောင်း ဆိုးဆိုး ငါတို့ကဒီကားကို ဘွဲ့ရတဲ့အထိသုံးရမှာ ပြီးတော့ အဲ့တာကနှစ်နှစ်ကျော်ကျန်သေးတယ်"

"အဲ့တာဆိုလည်း ဆေးပြန်သုတ်ပေါ့"
ရှန်းဂျင်သည် စကားလက်စသတ်လိုက်ပြီး စာဆက်ဖတ်ရန် လည်ပင်းအားလှည့်လိုက်၏။

"အဲ့တော့ မင်းသဘောတူတာလား?"
ရဲ့ကျိုးသည် နောက်ဆုံးအဝတ်အစားကို လှမ်းလိုက်ပြီး အနွေးထည်ထပ်ဝတ်ကာ ရှန်းဂျင်၏အဝတ်အစားများနောက်မှ ရှန်းဂျင်၏ဦးထုပ်အားယူလိုက်ပြီး
"သွားစို့ ဆေးသွားဝယ်ကြမယ် ဖျန်းရတဲ့အမျိုးအစားမျိုး"

"အာ??"
ရှန်းဂျင်မတုံ့ပြန်ရသေးခင်တွင် ရဲ့ကျိုးဆီက အခန်းမှဆွဲထုတ်ခြင်းခံလိုက်ရ၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now