Chapter 31

3.8K 758 18
                                    

[Unicode]"အာ..."
ကျိုးဝမ်သောင်ကသမ်းလိုက်၏။နှာခေါင်းပွတ်လိုက်ပြီး အနွေးထည်အား တင်းနေအောင်ဆွဲကာ "မနက်ခင်းမှာဘာလို့တအားချမ်းနေတာပါလိမ့်?"

လျှိုယုထျန်းကစကားပြန်လိုက်၏။
"ခုချက်ချင်းငါ့ရဲ့အခန်းနွေးနွေးလေးဆီကိုပြန်ချင်တယ်။တညလုံးမအိပ်ရသေးဘူး ပင်ပန်းလို့သေပါပြီ"

နို့လက်ဖက်ရည်ကိုင်ထားသော ဝမ်ရန်ရွှီသည် တွန့်ဆုတ်နေ၏။
"ခုနှစ်နာရီတောင်မထိုးသေးဘူး...မင်းပြော ငါတို့ပြန်သွားရင်...သင့်တော်ပါ့မလား?"

လျှိုယုထျန်းသည် နားမလည်နိုင်သောကြောင့်
"ဘာကမသင့်တော်တာလဲ?"

ဝမ်ရန်ရွှီသည် သူ့အားအထင်သေးစွာကြည့်လိုက်၏။ "မနေ့ညက ငါတို့အဲ့မှာမရှိကြဘူးလေ။တစ်မိုးအောက်တည်းမှာ အိမ်ထောင်မပြုရသေးတဲ့သူတွေဖြစ်တဲ့ ရဲ့ကျိုးနဲ့ရှန်းဂျင် မင်းပြောကြည့်လေ?"

သူတို့၏ဘေးတွင်လမ်းလျှောက်နေသော ကျောင်းသားများ၏နားများသည် သက်ဝင်လှုပ်ရှားလာ၏။အိပ်ငိုက်နေသောအင်းဆက်များသည်ပင် ပျံသန်းသွားလာနေကြပြီး ထင်ကြေးများကိုပါတစ်ခါတည်းစတင်ဆွေးနွေးစတင်ကြ၏။

"အစပ်ချောင်းတစ်ထုပ်လောင်းမယ် သူတို့အိမ်ကွင်းလုပ်ကိုလုပ်တယ်!"

"ငါတော့အဲ့လိုမထင်ဘူး။အခန်းကဒီလောက်ကျဥ်းတာ ပြီးတော့အပြည့်သုံးလို့မရဘူး မဖြစ်သင့်ဘူး"

"မင်းဆိုကားထဲကနေရာကျဥ်းကျဥ်းလေးမှာတောင် အခါသုံးရာလောက်ဆင်နွှဲနိုင်တယ်လေ။အခန်းကဘယ်လောက်တောင်ကြီးလိုက်လဲ? နောက်ထပ်က ကုတင်လည်းရှိတယ်! အစပ်ချောင်းတစ်ထုပ်နဲ့လောင်းမယ်!"

"ငါထင်တာက အိမ်ကွင်းမဟုတ်ရင်တောင် အိမ်ကွင်းနှင့်ခြားမှာမဟုတ်ဘူး။မနေ့ညက သူတို့နှစ်ယောက်လုံး ကျိုးဝမ်သောင်ကို ပန်းသီးကူရောင်းပေးသွားတာ မင်းတို့သိသင့်တယ်။ရှန်းဂျင်ရဲ့စရိုက်အရဆိုရင် ရဲ့ကျိုးကမပြောရင် သူကအရင်လာဖို့စပြောပါ့မလား?"

"မဟုတ်လို့လား? အခုတလော သူတို့နှစ်ေယာက်က တအားမြန်မြန်တိုးတက်လာတယ် ကားဝယ်တယ် ဗီဒီယိုရိုက်တုန်းက အလင်းထိုးပေးဖို့ လက်လည်းငှားပေးသေးတယ်ー"

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now