Chapter-63

3.3K 582 16
                                    

[Unicode]
ရဲ့ကျိုးသည် အင်တာနက် တပ်ဆင်ပြီးသည့်အချိန်ရောက်မှ အသက်ပြန်ရှင်လာသလိုခံစားရ၏။

USBထဲက မျက်စိစူးစရာအရာများကိုတော့ စိတ်ဆိုးမာန်ဆိုးဖြင့် ချက်ချင်းသိမ်းဆည်းလိုက်၏။
နွေရာသီပိတ်ရက်သည် နှစ်လကြာမြင့်မည်ဖြစ်ကာ ရှန်းဂျင်နှင့် ရဲ့ကျိုးသည် လုပ်စရာမရှိသဖြင့် အချိန်ပိုင်းလုပ်ရန် စဥ်းစားနေ၏။

“မင်းကိစ္စက ဘေးကျပ်နံကျပ်ဖြစ်မယ့်အရိပ်အယောင်တွေခံစားနေရတယ်။အခု ပိုက်ဆံရှာဖို့က ပထမဦးစားပေးပဲ”
ရဲ့ကျိုးသည် ကွန်ပျူတာတွင် စာရိုက်ရင်း အွန်လိုင်းသင်ကြားမှုအချိန်ပိုင်းအလုပ်နှင့်ဆိုင်သည့် အချက်အလက်များအား ကြည့်နေ၏။
“အနီးကပ်ဂိုက်လုပ်ရင်ရော?”

ရှန်းဂျင်သည် အိပ်ရာပေါ်တွင် မှီနေရင်း တစ်ခုခုကိုစဥ်းစားမိလိုက်သည့်အခါ စာအုပ်ကိုချလိုက်၏။
“အနီးကပ်ဂိုက်လား? ငါ့မှာနည်းလမ်းရှိတယ်”

ရှန်းဂျင်သည် အရွယ်ရောက်လာသည်နှင့်အမျှ ကျောင်းနှင့် လူမှုအသိုင်းအဝိုင်းနှစ်ခုလုံးတွင် ဒဏ္ဍာရီလာတည်ရှိမှုတစ်ခုဖြစ်လာ၏။ပြီးလျှင် ကလေးမရှိသော မိသားစုဟူ၍ မရှိချေ။ကလေးရှိနေသရွေ့ ထာဝရပထမ ရှန်းဂျင်အား မသိစရာအကြောင်းမရှိ.
ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ချန်ပီယံဖြစ်ခဲ့စဥ်က ပတ်ဝန်းကျင်အသိုင်းအဝိုင်းသည် ချန်ပီယံနေထိုင်သည့် စာပေမြို့တော်ဖြစ်ကြောင်း ကြေညာသည့် ခမ်းနားသော ဆိုင်းဘုတ်အား ထုတ်လာခဲ့ကြ၏။

ထိုအချိန်က ရှန်းဂျင်အား စာပြပေးရန် တောင်းဆိုသည့် အလယ်တန်းကျောင်းသားကလေးရှိသော မိဘအချို့ရှိခဲ့၏။ရှန်းဂျင်သည် အလုပ်ရှုပ်သည်ကို မကြိုက်သဖြင့် ခေါင်းရှောင်ခဲ့၏။

သို့သော်လည်း ထိုမိဘများသည် လွယ်လွယ်နှင့် လက်မလျော့ပေ။ယခုအချိန်ထိ နွေရာသီနှင့် ဆောင်းရာသီပိတ်ရက်များတွင် ရှန်းဂျင်အား မြင်လိုက်တိုင်း ရှန်းဂျင်အား အစ်အောက်တောင်းဆိုလေ့ရှိ၏။
“ဒေသခံတွေဆို မဆိုးဘူး”
ရဲ့ကျိုးသည် ရှန်းဂျင်ဘေးတွင် လှဲလိုက်ရင်
“ငါ့ကိုလည်း ကျောင်းသားတစ်ယောက်လောက်ရအောင် ကူညီပေး”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now