Chapter-69

2.9K 532 20
                                    

[unicode]ရှန်းဂျင်သည် ရဲ့ကျိုးက သူ့စက်ဘီးအား ကြမ်းကြမ်းတမ်းတမ်းကန်လိုက်မှ ဖုန်းချလိုက်၏။
ရှန်းဂျင်: “???”

ရဲ့ကျိုးသည် ကြိမ်းမောင်းလိုက်၏။
“ငါ့ကိုမင်းအမေနဲ့တွေ့ဖို့မခေါ်ခင် ငါ့ကိုမေးလို့လား?”
ရဲ့ကျိုးက ရှန်းဂျင်အားမတိုင်ပင်ဘဲ သူ့အစ်ကိုနှင့်တွေ့ဖို့ခေါ်သွားရန်သဘောတူလိုက်သည့်အကြောင်းစဥ်းစားလျှင် အချိန်အတော်ကြာအောင် သောကပွားခဲ့ရ၏။သို့သော် ရှန်းဂျင်ကမူ ဖြစ်သင့်သည့်အရာကဲ့သို့ပြုမူနေပြီး သူ့ခံစားချက်အား လုံးဝထည့်မတွေးပေ။

“စိတ်မပူနဲ့ သူကအရေးမပါဘူး”

“သူကအရေးမပါရင်တောင် မင်းအမေဖြစ်နေတုန်းပဲ!”
ရှန်းဂျင်၏သဘောထားအရ နှစ်ယောက်ကြားဆက်ဆံရေးကကောင်းကောင်းမွန်မွန်မရှိကြောင်း ခန့်မှန်းနိုင်၏။သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် ရှန်းဂျင်၏အမေဖြစ်နေဆဲဖြစ်ကာ ရဲ့ကျိုးသည် ပို၍သတိမထားဘဲမနေနိုင်။
“သွားမယ် အဝတ်အစားသွားဝယ်စို့”

ရှန်းဂျင်သည်နှာမှုတ်၏။
“ဘာဝယ်စရာလိုလို့လဲ?”

“ကောင်းကောင်းမွန်မွန်ဝတ်ရမယ်လေ။ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကလူကြီးကိုတွေ့မှာ”

“ကောင်းကောင်းမွန်မွန်ဝတ်စားတယ်…”
ရှန်းဂျင်သည် ဤစကားကိုကြားပြီး ရဲ့ကျိုးအား ရုတ်တရက်ပြုံး၍ကြည့်လိုက်၏။
“ငါတို့တကယ်ကောင်းကောင်းဝတ်စားသင့်တယ်”

ရဲ့ကျိုး: “???”

နှစ်ယောက်သားသည် အဆောင်သို့ ခေတ္တမျှအနားယူရန် ပြန်လာပြီးနောက် ရှန်းဂျင်က ရဲ့ကျိုးအား ရှော့ပင်းမောလ်ဆီသို့ဆွဲခေါ်သွား၏။

ရဲ့ကျိုး၏စိတ်သည် ရှန်းဂျင်၏အပြုအမူများကို အမှီမလိုက်နိုင်တော့ပေ။အံ့သြစူးစမ်းလိုက်၏။
“စောစောကမှ ဒါကိုဆန့်ကျင်နေတာမဟုတ်ဘူးလား? ရုတ်တရက်ကြီးပြောင်းလဲသွားတာလား?”

“တကယ်တော့ မင်းငါ့ကိုသတိပေးလိုက်တာ”

ဓာတ်လှေကားက စတုတ္ထမြောက်အထပ်တွင်ရပ်သွားသည်ကိုကြည့်ရင်း ရဲ့ကျိုးသည် ရှန်းဂျင်ကိုဆွဲ၍ပြော၏။
“ငါတို့ပိုက်ဆံစုနေတုန်းရှိသေးတယ်။ဒီလောက်စျေးကြီးတဲ့အဝတ်တွေကိုကြည့်ပြီးဘာတွေးနေတာလဲ?”
ဤသည်မှာ ရဲ့ကျိုးကကပ်စေးနည်း၍မဟုတ်ပေ။ကောင်းမွန်သောမိသားစုအခြေအနေနှင့် ပညာသင်စုများ ရံဖန်ရံဖန်ရတတ်သောကြောင့် ပိုက်ဆံဖြုန်းရာတွင် လက်ဖွာလေ့ရှိ၏။သို့သော် လူတစ်ယောက်၏သည်းခံနိုင်စွမ်းတွင် အကန့်အသတ်ရှိ၏။အဝတ်အစားဝယ်လျှင် အများဆုံးတစ်ထောင်၊နှစ်ထောင်သုံးရင်သုံးလိမ့်မည် သို့သော် သူ့တစ်ကိုယ်လုံးအား ဖိနှိပ်ထားမည့် ဤဘရန်းနာမည်နှင့်အဝတ်အစားများကိုတော့ရွေးလိမ့်မည်မဟုတ်။ 

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now