Chapter 3

8.9K 1.6K 94
                                    

UNICODE
စက္ကူလုံးအားရရှိပြီးနောက် ရဲ့ကျိုးသည် ရှန်းဂျင်အား စကားပြောသင့်သည်ဟု တွေးလိုက်သည်။တစ်ခန်းလုံးဆီက ရည်ရွယ်ချက်ရှိရှိ ညွှန်းဆိုခံရသော မည်သူမဆို စိတ်မသက်မသာဖြစ်ပေလိမ့်မည်။ရှန်းဂျင်အားရှင်းရှင်းလင်းလင်းရှင်းပြလိုက်သည်နှင့် ရှန်းဂျင်သည်လူတိုင်းအားရှင်းပြပေလိမ့်မည်။ထိုသို့ဆိုလျှင် အထင်လွဲမှုများ ပပျောက်သွားမည်ဖြစ်သည်။

သူသည်ဖုန်းကိုထုတ်လိုက်ပြီး ရှန်းဂျင်ဆီသို့messageတစ်စောင်ပို့ရန် ပြင်လိုက်သည်။သို့သော် ဖုန်းcontactအားဖွင့်လိုက်သည့်အခါ ရိုးရှင်းစွာပင် တစ်ဖက်လူ၏contactအချက်အလက်ရှိမနေခဲ့။

ရဲ့ကျိုးသည် သူ့နဖူးအားထောက်လိုက်သည်။ပိုပြီးစောစောသိခဲ့ရင် အစတည်းက တစ်ခန်းလုံး၏ဖုန်းနံပါတ်များအား သိမ်းဆည်းထားခဲ့မည်ဖြစ်သည်။

သို့သော်  သူ့တွင်မရှိသောကြောင့် တခြားသူများ၌လည်းမရှိဟုမဆိုနိုင်ပေ။

ရဲ့ကျိုးသည် ပတ်ပတ်လည်လှည့်ကြည့်လိုက်သည်။အနောက်ခုံမှ အတန်းဖော်သူငယ်ချင်းက သူ့အား
မေးလိုက်သည်။"ကျိုး ဘာဖြစ်လို့လဲ?"

"မင်းမှာရှန်းဂျင်ရဲ့ဖုန်းနံပါတ်ရှိလား"

ရလဒ်အနေနှင့် သူငယ်ချင်းလေးသည် သူ့အားကြည့်လိုက်ပြီးနောက် သိပ်မဝေးသည့်နေရာမှ ရှန်းဂျင်အားကြည့်လိုက်သည်။သူ့မျက်နှာပေါ်မှအကြည့်သည် "မင်းတို့နှစ်ကောင်က သိသိသာသာကို တစ်တန်းတည်းလေ။လွယ်တာကို ဘာလို့ခက်အောင်လုပ်နေတာလဲ" ဟု ပြောတော့မည့်ပုံ။

ရဲ့ကျိုးသည် သူ့အားထိုသို့မြင်လိုက်ရသောအခါ လက်ကိုအလျင်အမြန်ဝှေ့ရမ်းရင်း ပြောလိုက်၏။ "ငါမမေးခဲ့ဘူးလို့ပဲ ထားလိုက်ပါတော့"

ရလဒ်အနေနှင့် နောက်တန်းမှကျောင်းသားသည် သူ၏နောက်ကျောအားပုတ်လိုက်၏။ရဲ့ကျိုးသည်ထိုင်ခုံတွင်ကျောမှီလိုက်ပြီး သူ့အားမျက်လုံးထောင့်မှတစ်ချက်ကြည့်လိုက်သည်။တဖက်လူက စားပွဲခုံအစွန်းတွင် စာရွက်ခေါက်လေးအား တင်ထားသည်။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now