Chapter 29

3.7K 808 9
                                    

[Unicode]ရဲ့ကျိုးသည် နဖူးအားကိုင်လိုက်သည်။သူတို့ ဤကဲ့သို့ရလဒ်ရလာမည်ကို ထင်ထားပြီးဖြစ်သော်လည်း အလွန်စောစီးစွာဖြစ်လာလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့။

“ဘာဖြစ်တာလဲ?”

“ကျိုးဝမ်သောင်နှင့် သူတို့မလား? သူတို့ပန်းသီးတွေမရောင်းရဘူး”
ရဲ့ကျိုးသည် ထရပ်ကာ အပေါ်ဝတ်ထပ်လိုက်ပြီး
“ဒါပေမယ့်ငါ့မှာလည်း ပစ္စည်းတွေရောင်းတဲ့အတွေ့အကြုံမရှိဘူး အဲ့တာကြောင့် စျေးချပြီးရောင်းလို့ရမယ့်နောက်ထပ်နေရာတွေကိုရှာရမယ်”

ရှန်းဂျင်သည် တွေဝေခြင်းမရှိပြောလိုက်၏။
“ငါမင်းနဲ့လိုက်မယ်”

လူတစ်ယောက်ထပ်ရှိလျှင် အကူအညီတစ်ခုပိုသည်ကိုတွေးမိပြီး ရဲ့ကျိုးသည်လည်း မငြင်းဆိုခဲ့။

အပြင်ထွက်ကာ စျေးရုံထဲတွင်ထိုင်နေသော ကျိူးဝမ်သောင်ရှိရာသို့သွားလိုက်၏။ရဲ့ကျိုးသည် ပန်းသီးရောင်းနေသည့်များပြားလှသောလူများအား ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ်မျှော်လင့်ချက်ပျောက်သွား၏။

သို့သော်လည်း  လူအများစုသည် သူတို့၏ရှေ့တွင် ပန်းသီးနှစ်ဆယ်လောက်သာ ရှိသည်။ကျိုးဝမ်သောင်နှင့်လျှိုယုထျန်းကဲ့သို့ ဘယ်သူကများ
ရှေ့တွင် သုံးဆယ်ကျော်ကျန်သေးရုံမက သူတို့နှစ်ဦးလုံး၏နောက်တွင်လည်း ဘူးများရှိနေဦးမည်နည်း။

“မင်းတို့သွားကတည်းကဆို နှစ်နာရီရှိနေပြီ”
ရဲ့ကျိုးသည် သူတို့က သက်သေပြနေစရာမလိုသော အဓိပ္ပာယ်ဖြင့်ကြည့်လိုက်၏။

ကျိုးဝမ်သောင်က သူ့အားမြင်သည့်အခါ ရင်းနှီးသော ဆွေမျိုးတစ်ယောက်အားမြင်လိုက်ရသလိုဖြစ်၏။သူ၏လက်မောင်းကိုဆွဲလျက် တိုင်တန်း၏။
“လူတွေဘယ်လောက်အများကြီးပန်းသီးရောင်းနေလဲမင်းမသိပါဘူး။လူတွေ20နဲ့ရောင်းနေတာတွေ့လို့ စျေးကို15ထားလိုက်ရင်ရောင်းကောင်းမယ်လို့တွေးလိုက်တာ။အဆုံးကျ ဘေးမှာ10ယွမ်နဲ့ရောင်းနေတဲ့သူတွေရောက်လာရော ပြီးတော့ ငါးယွမ်တောင်စျေးပေါသွားသေးတယ်။ငါဝယ်လာတဲ့ဒီပန်းသီးတွေက စျေးကြီးတဲ့ပန်းသီးတွေ ပြီးတော့ 8ယွမ်တောင်ကျတယ်”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now