Chapter-65

2.9K 553 22
                                    

[Unicode]
ရဲ့ဟန်းသည် ကြောင်အစွာစိုက်ကြည့်လိုက်၏။
ဘာလို့လူတိုင်းက ရဲ့ကျိုးနာမည်ကို ဒီလိုလေသံမျိုးနဲ့ပြောကြတာလဲ??

ရဲ့ဟန်းမသိသည်မှာ ကျိုးဝမ်သောင်၏နှလုံးသည် ခေါက်တုံ့ခေါက်ပြန်ကျွမ်းပစ်နေပြီဖြစ်၏။
ရဲ့ကျိုးမှာတကယ်ကြီးအစ်ကိုရှိတယ်ပေါ့? ရဲ့ကျိုးရဲ့အစ်ကိုက ကျောင်းကို တကယ်ကြီးလာတယ်? ရဲ့ကျိုးအစ်ကိုက သူနဲ့ရှန်းဂျင်အကြောင်းသိသွားပြီလား?

ကျိုးဝမ်သောင်သည် အတွေးရှည်ကြီးတွေးနေသဖြင့် ရဲ့ဟန်းသည် မနေနိုင်ဘဲ နှောင့်ယှက်လိုက်၏။
“မိတ်ဆွေ?”

ကျိုးဝမ်သောင်သည် အသိစိတ်ပြန်ဝင်လာပြီး မြန်မြန်လည်ချောင်းရှင်းလိုက်၏။ဂရုတစိုက်မေးလိုက်၏။
“အစ်ကိုက…တကယ်ကြီးရဲ့ကျိုးရဲ့အစ်ကိုလား? အရင်းလား?”

ရဲ့ဟန်းသည် စိတ်ရှုပ်သွားသော်လည်း ပြန်ဖြေလိုက်၏။
“ညီအစ်ကိုရင်းပါ အဲ့တော့…ရဲ့ကျိုးကိုသိလား?”

ကျိုးဝမ်သောင်သည် ခေါင်းငုံ့၍သက်ပြင်းချလိုက်၏။
သိတယ်လို့ပြောသင့်လား မသိဘူးလို့ပြောသင့်လား? သိလား မသိဘူးလား?

ဤသည်မှာသိသိသာသာပင် တစ်ခုခုကိုဖုံးကွယ်နေသည့်အပြုအမူဖြစ်ပြီး ရဲ့ကျိုးသည် သူထင်ထားသလို ကျောင်းတွင် ခက်ခက်ခဲခဲဖြတ်သန်းနေရသည်ဟု ရဲ့ဟန်းအား အထင်မှားစေ၏။

ယခု မည်သည်ကမှမရှင်းလင်းသေးပေ ကျိုးဝမ်သောင်သည် ရဲ့ကျိုးကအပြင်မှာနေထိုင်ကြောင်းကို ရဲ့ဟန်းအား ကမူးရှုးထိုးမပြောရဲပေ။သံသယဝင်စရာကောင်းစွာမေးလိုက်၏။
“အစ်ကိုက သူ့အစ်ကိုဆိုမှတော့ ရဲ့ကျိုးနဲ့အရင် စကားမပြောထားဘူးလား? ဖုန်းခေါ်လိုက်ရုံပဲလေ”

“အလောတကြီးလာလိုက်တော့ပြောဖို့မေ့သွားတယ်။စောစောက ခေါ်ပေမယ့် မကိုင်ဘူး”

“အဲလိုကိုး…”
ကျိုးဝမ်သောင်သည် ပေါ့ပျက်ပျက်ပြော၏။သရေစာမုန့်ထုပ်ကို ဆုပ်၍ သက်ပြင်းသာချနေလိုက်၏။
စောစောကသိခဲ့လျှင် ယနေ့ သရေစာထွက်ဝယ်လိမ့်မည်မဟုတ်။ယခုတော့ဖြင့် မဟာဗုဒ္ဓအား လုံးဝမပြင်မဆင်ထားဘဲ တွေ့ဆုံနေရ၏။ယောကျ်ားလေးအဆောင်သို့သွားနေကြောင်းသိလိုက်သည့်အခါ ကျိုးဝမ်သောင်သည် ပြန်မခေါ်မီ တစ်ပတ်ပတ်ရန် ရဲ့ဟန်းအား အားကစားကွင်းဘက်သို့ တစ်လှည့်ခေါ်သွား၏။ဤအချိန်အတောအတွင်း ရဲ့ကျိုးအား ဆက်သွယ်ရန်အကောင်းဆုံးဖြစ်၏။ဖုန်းကိုထုတ်၍ ပြောလိုက်သည်။
“ကျွန်တော် ရဲ့ကျိုးကို ဖုန်းခေါ်ကြည့်လိုက်မယ်”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now