Chapter 38

3.6K 717 17
                                    

[Unicode]ရှန်းဂျင်အားရဲ့ကျိုးလက်ဆောင်ပေးခဲ့သော စတော်ဘယ်ရီအပင်ပေါက်အား ပြတင်းပေါက်ပေါ်တွင်တင်ထားဆဲဖြစ်ကာ ရဲ့ကျိုး၏ကိုယ်ပိုင်အပင်ပေါက်ကိုလည်းဘေးချင်းကပ်၍ယှဥ်ထား၏။

ရဲ့ကျိုးကရှန်းဂျင်အားပေးသောလက်ဆောင်မှာ စတော်ဘယ်ရီအပင်ပေါက်တစ်ပင်ဖြစ်ကြောင်းသိရှိသွားပြီးနောက်တွင် ကျိုးဝမ်သောင်သည် ရှန်းဂျင်ရေချိုးခန်းဝင်နေသည်ကိုအခွင့်ကောင်းယူ၍ ရဲ့ကျိူးအားဘေးနားသို့ဆွဲကာ တိုးတိုးတိတ်တိတ်ပြော၏။  “ကျိုး မင်းမှာပိုက်ဆံမရှိရင်ငါတို့ကိုပြောလေ လူအုပ်ရန်ပုံငွေကနေအများကြီးကောက်လို့ရတယ်။ဒီလိုသာမန်ကာလျှံကာလက်ဆောင်မျိုးကိုဘယ်လိုတောင်ပေးရတာလဲ?”

“သာမန်ကာလျှံကာ?”

ရဲ့ကျိုးသည်ပြန်လည်မေးခွန်းထုတ်လိုက်၏။သူသည် ထိုအရာကနည်းနည်းလေးပင်သာမန်ကာလျှံကာနိုင်သည်ဟုမထင်ပါ။အမျိုးသမီးကြီးဆီမှအပင်ပေါက်နှစ်ပင်ဝယ်၍ ထို့နေ့တွင် ပန်းအိုးရွေးရန် စူပါမားကတ်သို့သွားခဲ့ပြီး နောက်ဆုံးတွင် လမ်းဘေးမှတူးလာသည့်မြေကြီးမှာ အလွန်မကောင်းမွန်ဘဲဖြစ်နေမည်စိုးရိမ်သဖြင့် ပန်းနှင့်ငှက်စျေးသို့အထူးသွားရောက်၍မြေသြဇာဝယ်ခဲ့သေးသည်။စတော်ဘယ်ရီအပင်ပေါက်များအား အိုးအသစ်ထဲသို့ပြောင်းလဲစိုက်ပျိုး၍ အရွက်များကိုလည်း လုံးဝသန့်ရှင်းအောင်ဆေးကြောခဲ့သည်။ထပ်၍အလေးဂရုပြစရာမရှိတော့ပေ ထိုသည်ကို သာမန်ကာလျှံကာဟုအဘယ်ကြောင့်ခေါ်ဆိုနိုင်ရသနည်း?

“မင်းရဲ့မဖြစ်စလောက်မြက်ပင်လေးကဘယ်လောက်တန်ဖိုးရှိလို့လဲ? စိုက်ပျိုးရေးတက္ကသိုလ်မှာအပေါစားတွေရှိတာပဲ” 'စတီးဖြစ်မလာသည့်အတွက်သံအားမုန်းတီးသော'ကျိုးဝမ်သောင်သည်
“လက်ဆောင်ရဲ့တန်ဖိုးက တဖက်လူကိုမင်းနှလုံးသားထဲမှာဘယ်လောက်အတိုင်းအတာရှိလဲလို့ပြတယ်ဆိုတာမင်းမသိဘူးလား?”

ရဲ့ကျိုးသည် သူ့အားမယုံသကႅာကြည့်၍ 
“ဒီနှစ်ပေါက်တစ်ပေါက်ရိုက်တာကိုဘယ်ကကြားလာတာလဲ?”

“ငါတို့အတန်းရဲ့အချစ်ပါရဂူဆီကြားခဲ့တာ! သူ့ကောင်မလေးနဲ့အချိန်အကြာကြီးရှိနေနိုင်တဲ့အကြောင်းပြချက်က ချစ်သူရည်းစားတွေရဲ့အထာကိုနက်နက်နဲနဲကျွမ်းကျင်လို့ပဲ”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now