Chapter 50

4.2K 721 35
                                    

[Unicode]“ဒါကိုဘယ်သူလုပ်တာလဲ?”
ရဲ့ကျိုးသည်ပြတင်းဘောင်ပေါ်မှအရွက်များကိုကောက်၍ မယုံကြည်နိုင်စွာပြော၏။ 
“မနေ့ကထိအကောင်းအတိုင်းရှိသေးတယ်”

“မနက်က ငှက်မြည်သံကြားလိုက်တယ်။ငှက်တစ်ကောင်လုပ်သွားတာဖြစ်လိမ့်မယ်”
ရှန်းဂျင်သည်ပန်းအိုးကိုလှန်‌ေလှာကြည့်လိုက်ပြီး အမှန်တကယ်ပင် မည်သည့်ပန်းပွင့်မှမကျန်တော့ပေ။

ရှန်းဂျင်၏ပန်းအိုးနှင့်ယှဉ်လျှင် ရဲ့ကျိုးသည် သူ၏အပင်လေး၏ကြုံ‌တွေ့ရမှုကြောင့်စိတ်‌အေးသွားရ၏။ရှန်းဂျင်၏ပန်းပွင့်များအမှန်တကယ်ပွင့်လာချိန်တွင် သူသည်အများဆုံးမှအရွက်အနည်းငယ်သာဆုံးရှုံးခဲ့၏။ရဲ့ကျိုးသည်ရှန်းဂျင်၏ပုခုံးကိုပုတ်၍သက်ပြင်းချ၏။ “မင်းရဲ့စတော်ဘယ်ရီပင်က ဘဝမှာတကယ်ကိုအခက်အခဲများတယ်”

“ငါ့ပေါ့ဆမှုကြောင့်ပါ။ဖြစ်လာနိုင်တဲ့အန္တရာယ်မှန်သမျှကို ကြိုစဉ်းစားပြီးးပြင်ဆင်ထားသင့်တာ”
ရှန်းဂျင်သည်ပန်းပွင့်ကြေကိုကောက်၍စာအုပ်စင်ဆီသို့သွား၏။အဘိဓာန်စာအုပ်ကိုထုတ်၍ပန်းပွင့်အားထည့်ညှပ်လိုက်၏။
T/N-ဒီလောက်အကဲပိုနေတဲ့စတော်ဘယ်ရီပန်းပွင့်က ဘယ်လိုလေးလဲသိချင်လို့ Ggမယ်တကူးတကသွားရှာခဲ့ပါတယ်>.<

မွန်းလွဲပိုင်းအတန်းပြီးသည့်အခါ ရှန်းဂျင်နှင့်ရဲ့ကျိုးသည် ပန်းအိုးများအတွက် ရိုးရိုးရှင်းရှင်းခြံစည်းရိုး‌လေးတစ်ခုလုပ်ပေးရန်တိုင်ပင်ခဲ့ပြီး ကားအမှတ်ရှန်းရဲ့ကိုစီး၍ ကျောင်းလစ်ခဲ့ကြ၏။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မွန်းလွဲပိုင်းအတန်းပြီးသည့်အခါ ရှန်းဂျင်နှင့်ရဲ့ကျိုးသည် ပန်းအိုးများအတွက် ရိုးရိုးရှင်းရှင်းခြံစည်းရိုး‌လေးတစ်ခုလုပ်ပေးရန်တိုင်ပင်ခဲ့ပြီး ကားအမှတ်ရှန်းရဲ့ကိုစီး၍ ကျောင်းလစ်ခဲ့ကြ၏။

ရဲ့ကျိုးသည်အကြံပေး၏။
“နန်းကြိုးပိုက်အကွက်ကိုသုံးရင်ရော?”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now