Chapter 34

3.7K 736 3
                                    

[Unicode]ညနေခင်းတွင် ရဲ့ဟန်းသည် ရဲ့ကျိုးအားစကားပြောပြီးသည်နှင့် အလွန်နားလည်မှုရှိစွာ ဆက်လက်"နှောင့်ယှက်ခြင်း"မရှိတော့။ဆန့်ကျင်ဘက်တွင် ဤသည်ကရဲ့ကျိုးအား စိတ်သက်သာရာရသင့်သည်လား စိတ်ပျက်သင့်သည်လား မသိသဖြင့် အနည်းငယ်မလွယ်ကူအောင် လုပ်နေ၏။

နောက်ရက်နေ့လည်စာစားပြီးသည့်အချိန်တွင် ရဲ့ကျိုးသည် အိပ်ခန်းဆီသို့ပြန်မသွားခဲ့ပေ။ထိုအစားဧည့်ခန်းတွင်ထိုင်ကာ မဂ္ဂဇင်းစာအုပ်အား စိတ်မပါစွာ လှန်လှောကြည့်နေ၏။ ရဲ့ဟန်းကအိမ်မှာရှိနေသောကြောင့် ရဲ့မေမေသည် "သူ၏တာဝန်များအပေါ်အာရုံမစိုက်"သကဲ့သို့ မျက်ကွယ်ပြုထား၏။

ထို့နောက် မကြာမှီတွင် ရဲ့ဟန်းထွက်ခွာရန်အချိန်ကျလာ၏။ရဲ့ဟန်းသည် တစ်ရက်တာသာပြန်လာနိုင်ရုံဖြစ်ပြီး မည်သည့်ခရီးဆောင်အိတ်မှမယူခဲ့ပေ။သို့သော်လည်း ရဲ့မိသားစုသည် ပြဿနာဟုသဘောမထားဘဲ သူ့အားလေဆိပ်သို့လိုက်ပို့ရန်တောင်းဆိုကြ၏။

ရဲ့ဟန်းအား ကတိပေးထားသောကြောင့် သူတို့၏ဖိတ်ခေါ်မှုအားမငြင်းဆိုဘဲ အိမ်ပြင်သို့ထွက်လာသည်မှာ ရဲ့မိသားစု၏မိဘများအား လုံးဝအံ့အားသင့်စေ၏။

ရဲ့ကျိုးသည် ရဲ့မေမေ၏ရဲ့ဟန်းအားတိုက်တွန်းချက်များကိုနားထောင်ရင်း ပြတင်းပေါက်အပြင်ဘက်မှရှုခင်းအားကြည့်ရှုနေပြီး ရဲ့ဟန်းကအဘယ်ကြောင့်သူ့အားလိုက်ပို့စေချင်သည်နည်းကိုနားမလည်နိုင်ပါချေ။

လေယာဉ်ကွင်းတွင် ရဲ့ဖေဖေသည်ရဲ့ဟန်းအားစတင်၍နားဒုက္ခပေးတော့၏။ရဲ့ကျိုးသည်တစ်ဖက်တွင်ရပ်နေပြီး ရဲ့ဟန်းအား ရုတ်တရက်သနားလာမိ၏။သူတို့၏မိဘများလက်ထဲမှရတနာဖြစ်ရသည်မှာလည်းမလွယ်ကူလှ။

ရဲ့ဟန်းသည် လက်ကောက်ဝတ်အားမတင်၍ အချိန်ကြည့်လိုက်ကာ
“အဲ့လိုဆို အရင်သွားနှင့်မယ်။အိမ်မှာကိုယ့်ကိုကိုယ်ဂရုစိုက်ကြပါ။ကျိုးကျိုးကိုလည်းသိပ်မတင်းကြပ်ပါနဲ့။သူကအရွယ်ရောက်နေပြီ ကိစ္စတော်တော်များများကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ပါတယ်”

သူတို့၏နောက်တွင်တစ်ချိန်လုံးရပ်နေခဲ့သောရဲ့ကျိုးသည် ရဲ့ဟန်းလှည့်ထွက်သွားတော့မည်ကိုမြင်လိုက်ကာ သူ့အားတားဆီးလိုက်၏။
“အကိုလည်းကိုယ့်ကိုကိုယ်ဂရုစိုက်ပါ”
ဤသည်မှာ အခုချိန်တွင်ရဲ့ကျိုးထုတ်ဖော်ပြသနိုင်သည့်အကြီးမားဆုံးဖြစ်၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now