Chapter 15

5.2K 1K 54
                                    

ရဲ့ကျိုးသည် ပတ်ဝန်းကျင်အသစ်သို့ ရုတ်ချည်းပြောင်းရွှေ့လိုက်ရသောကြောင့် စိတ်ပိုင်းဆိုင်ရာတွင် အနည်းငယ် မသက်မသာဖြစ်နေ၏။အထူးသဖြင့် ခြေထောက်ဒဏ်ရာရနေချိန်ဖြစ်သောကြောင့် ဖြစ်၏။

သူသည် အတန်းဖော်များနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသော်လည်း ကောင်းမွန်သောဆိုသည်ကို အနေဝေးသောနှင့်နီးစပ်သောဟူ၍ ခွဲခြား၍ရသေးသည်။ပြောစရာမလိုအောင် အခန်းဖော်အသစ်များသည် သူ့အားစောင့်ရှောက်ပေးရန် တာဝန်သိစိတ်မရှိကြ။

စနေနှင့်တနင်္ဂနွေနေ့ပြီးနောက်ရက်တွင် အတန်းပြန်စပေလိမ့်မည်။ရဲ့ကျိုးသည် မူလအခန်းဖော်များက သူ့အားအတန်းတက်ရန် ကူညီပေးမလားဟူ၍ စူးစမ်းနေမိသည်။ရဲ့ကျိုးသာ် အိပ်ယာမဝင်ခင် ကျိုးဝမ်သောင်ဆီသို့ စာmessageတစ်စောင်ပို့လိုက်၏။

အချိန်အတော်ကြာသည်အထိ ကျိုးဝမ်သောင်ဆီမှပြန်စာရောက်လာ၏။

ကျိုးဝမ်သောင်-စိတ်မပူနဲ့ ငါတို့သင့်တော်အောင် စီစဥ်ပြီးပြီ!

သူဒီလိုပြောတာကိုမြင်ရင် ဘာလို့စိတ်သက်သာရာမရဘဲဖြစ်နေပါလိမ့်...

ရဲ့ကျိုး၏ ဆဠမအာရုံသည် အမြဲတမ်းမှန်ကန်၏။နောက်နေ့နံနက်ခင်းတွက် အိပ်ယာနိုးလာပြီး အခန်းလွတ်တစ်ခုကိုမြင်လိုက်ရသည်။ဆိုးရွားစွာစိတ်ဓာတ်ကျသွား၏။

ဖုန်းအားကြည့်လိုက်သည့်အခါ ကျိုးဝမ်သောင်ကmessageတစ်စောင်ပို့ထား၏။

ကျိုးဝမ်သောင်-ငါတို့အတန်းကိုအရင်သွားနှင့်ပြီ~မင်းအတွက်ခုံဦးထားပေးမယ်!

အတန်းကိုခြေတစ်ဖောင်ရိုးနဲ့လာရအောင် သောက်ကျိုးနည်းလုပ်နေတာလား??

အိပ်ယာမှ ကျွီခနဲအသံထွက်လာ၏။ရဲ့ကျိုးသည် အသံလာသောနေရာသို့ ရုတ်တရက်ကြည့်လိုက်၏။ရှန်းဂျင်သည် အခုမှအိပ်ယာနိုးသယောင် မျက်လုံးပွတ်နေ၏။

ရဲ့ကျိုးသည် လူတစ်ယောက်ကျန်နေသေးသောကြောင့် စိတ်သက်သာရာရသွား၏...အကယ်၍ ထိုလူကရှန်းဂျင်ဖြစ်နေလျှင်တောင်မှပေါ့။သို့သော်လည်း သူ၏လွန်ခဲ့သည့်နှစ်ရက်အတွက်းမှ အပြုအမူများအရ သူသည် 'ဒုက္ခရောက်နေသူအား လျစ်လျှုရှု'သည့်သူမဖြစ်သင့်ပေ။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now