Chapter-66

2.8K 549 25
                                    

Unicode
ရဲ့ကျိုးသည် အောက်ထပ်သို့ရောက်သည်နှင့် တက္ကစီချက်ချင်းခေါ်ကာ ဆယ့်ငါးမိနစ်ပင်မကြာဘဲ အဆောင်အဝင်ဝသို့ရောက်လာ၏။

ရဲ့ကျိုးသည် တစ်ခါတည်းခြေလှမ်းများများလှမ်း၍ သုံးမိနစ်စာကို တစ်မိနစ်စာအဖြစ် လျှော့ချလိုက်၏။လေကိုရှုသွင်းရင်း တံခါးကို တွန်းဖွင့်လိုက်သည်။ရဲ့ဟန်းက သူ့ထိုင်ခုံတွင်ထိုင်နေပြီး စာအုပ်တစ်အုပ်ကိုကြည့်နေဩ၏။

“အစ်ကို…”
ရဲ့ကျိုးသည်အမောတကောပြောလိုက်သေး၏။
“အစ်ကို…ဘာလို့…လာတာလဲ…”

“ကျိုး ရေသောက်လိုက်ဦး”
လျှိုယုထျန်းသည် ရဲ့ကျိုးအတွက် ရေတစ်ခွက် အမြန်ခပ်လိုက်၏။

ရဲ့ဟန်းသည် စားပွဲပေါ်မှပဝါကိုယူ၍ သူ့နဖူးပေါ်မှချွေးကိုသုတ်ပေးချင်နေ၏။နောက်ဆုံးတွင် ရဲ့ကျိုးသည် အလိုအလျောက်ခေါင်းစောင်းလိုက်ပြီး ထို့နောက် အနည်းငယ်ရိုင်းသွားသလိုခံစားလိုက်ရ၏။လက်ထဲမှ ပဝါကိုယူ၍ ပါးစပ်ကိုသုတ်လိုက်ရင်း ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ရေခွက်အား တစ်ကျိုက်တည်းသောက်လိုက်ပြီး ရဲ့ကျိုး၏ထွက်သက်ပင်ထွက်လာ၏။ရှန်းဂျင်၏ခုံကိုဆွဲယူ၍ထိုင်လိုက်သည်။
“အစ်ကို ဘာလို့ကြိုမပြောတာလဲ?”

“ကိစ္စရှိလို့လာရင်း မင်းလည်းဒီမှာဆိုတာတွေးမိတာနဲ့ တွေ့ဖို့လာခဲ့တာ”

ရဲ့ကျိုးသည် စိတ်သက်သာရာရသွား၏။
“အဲ့လိုကိုး ဘယ်တော့ပြန်မှာလဲ?”
စကားလုံးများထွက်ကျလာသည်နှင့် ရဲ့ကျိုးသည် မနေနိုင်ဘဲ ကိုယ့်ကိုကိုယ်ရိုက်လိုက်၏။
ဒီမေးခွန်းကဘာလဲ!!
သူအသိချင်ဆုံးအရာကို သတိလက်လွတ်မေးလိုက်မိ၏။သို့သော်လည်း အခြေအနေကိုကုစားလိုက်၏။
“မဟုတ်ဘူး ကျွန်တော်ပြောချင်တာက ဟိုတယ်ငှားပြီးပြီလား? မငှားရသေးရင် ကူညီပေးမယ်”

တစ်စက္ကန့်မျှနာကျင်သွားသော ရဲ့ဟန်းသည် ရဲ့ကျိုး၏စိုးရိမ်မှုကြောင့် သက်သာပျောက်ကင်းသွား၏။
“နက်ဖြန်ပြန်မှာ။မင်း အပြင်မှာငှားနေနေတယ်လို့ကြားတယ်။ငှားထားတဲ့အိမ်ကိုသွားပြီး မင်းနဲ့အတူနေလိုက်မယ်။ငါတို့ညီအစ်ကိုတွေမတွေ့တာကြာပြီ ညနေကျလည်း စကားကောင်းကောင်းပြောရမယ်”

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now