Chapter 35

3.8K 762 15
                                    

[Unicode]ကျောင်းဖွင့်သည့်ဒုတိယရက်တွင် ရဲ့ကျိုးနှင့်ရှန်းဂျင်သည် အဆောင်မှထွက်လိုက်ပြီး ကားအမှတ်ရှန်းရဲ့ဘေးတွင်ရပ်နေသောကျိုးဝမ်သောင်အား မြင်လိုက်၏။

ယနေ့သည်ရှန်းဂျင်မောင်းရမည့်အလှည့်ဖြစ်၏။ရဲ့ကျိုးသည်သုံးဘီးကား၏နောက်ခုံသို့တိုက်ရိုက်သွားကာမေး၏။
"ဝမ်သောင် တစ်ယောက်ယောက်ကိုစောင့်နေတာလား?"

"မဟုတ်ဘူး ငါမင်းတို့ကောင်တွေနဲ့သွားမလို့"
ကျိုးဝမ်သောင်သည်ရဲ့ကျိုးအားမြင်ပြီးသည်နှင့် သူ၏စက်ဘီးအားတွန်းထုတ်ကာနောက်ခုံအား ရဲ့ကျိုး၏ရှေ့တွင်သေချာထားလိုက်၏။

ရဲ့ကျိုးသည်ကားပေါ်တက်ရာမှရပ်တန့်ကာ ကျောင်းလွယ်အိတ်ကိုသာနောက်တွဲပေါ်တင်လိုက်ပြီး မတ်တပ်ရပ်နေစဥ်တွင် စက်ဘီး၏နောက်ခုံအသစ်အားပုတ်ကာ အံ့အားတသင့်ပြော၏။
"ဒါမင်းရဲ့စက်ဘီးအသစ်လား? မင်းစက်ဘီးနောက်ခုံရရင် မိန်းကလေးတစ်ယာက်ကိုအရင်ထိုင်ခိုင်းမယ်လို့ထင်ထားတာ။ငါ့ကိုထိုင်ဖို့အရင်ဖိတ်မယ်လို့ထင်မထားဘူး။အဲ့လိုဆိုငါလည်းရိုရိုသေသေနာခံရုံပေါ့"

ရဲ့ကျိုး၏တင်ပါးများကျလာတော့မည့်အချိန်တွင် ကျိုးဝမ်သောင်သည်ကြက်ကလေးတစ်ကောင်ကိုမောင်းထုတ်သကဲ့သို့ လက်ခါယမ်းကာ
"သွား သွား သွားစမ်းပါ မင်းကိုငါ့စက်ဘီးသစ်လေးကိုကြည့်ဖို့ပြရုံပဲ။ဒီနှစ်ဝက်မှာငါရည်းစားရနိုင်တယ်လို့မင်းထင်လား?"

ရဲ့ကျိုးသည်ပါးစပ်မဲ့၍နဖူးအားအသာအယာပုတ်ကာ "နေ့ခင်းကြောင်တောင်မှာအိပ်မက်မက်တာလျော့ဖို့ကြိုးစား"

ကျိုးဝမ်သောင်သည် သူ၏ရေခဲရေအားလျစ်လျူရှု၍ မြေကြီးပေါ်ခြေထောက်တစ်ဖက်ထောက်လိုက်၏။ရှန်းဂျင်ကကားစက်နှိုးလိုက်သည်နှင့် သူသည်ခြေနင်းပြားပေါ်နင်းကာ ရှမ်းဂျင်နှင့်အတူထွက်ခွာခဲ့၏။

ဤထူးဆန်းသောအပြုအမူသည် ရဲ့ကျိုး၏အာရုံကိုဖမ်းစားသွားပြန်၏။ပြတင်းပေါက်ကိုဖွင့်ကာ ကားအမှတ်ရှန်းရဲ့နှင့်ဘေးချင်းယှဥ်၍စီးနေသော ကျောကုန်းအားအလွန်မတ်မတ်ထား၍အားမာန်ပြည့်ဝနေသော ကျိုးဝမ်သောင်အားမြင်လိုက်၏။သူစက်ဘီးစီးသည့်အနေအထားအားအနည်းငယ်ပို၍ကြည့်ကောင်းချောမောအောင်လုပ်ရန် ကြိုးပမ်းနေ၏။သိသိသာသာပင် အိုင်ဒေါတစ်ယောက်၏အသွင်အပြင်မပေါက်သော်လည်း အိုင်ဒေါ၏အထုပ်အပိုးများသယ်နေပုံတော့ပေါက်၏။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now