Chapter-64

2.9K 556 18
                                    

[Unicode]“အိုက်ယားယား”
မကြာမီကျောင်းပြန်ဖွင့်တော့မည်ဖြစ်၏။ရဲ့ကျိုးသည် အိပ်ရာပေါ်တွင် လှဲနေရင်း ပိုက်ဆံအထပ်လိုက်ကို ပျော်ရွှင်စွာ ရေတွက်နေ၏။
“သူတို့ကိုကြည့်နေရင် အာမခံရသလို ခံစားရတယ်”

ရှန်းဂျင်သည် သူ့အား တစ်ချက်ကြည့်ပြီး စခရင်ပေါ်မှဂိမ်းပေါ်သာ ဆက်ကြည့်နေလိုက်၏။

ရဲ့ကျိုးသည် ထထိုင်၍ နှစ်ရွက်ထုတ်ကာ ရှန်းဂျင်၏ပါးကို ထိုးလိုက်ရင်း
“အလှလေး ဒီသခင်လေးကို ပြုံးပြလိုက် ဒါက မင်းလေးအပိုင်ပဲ”

ရှန်းဂျင်သည် ပိုက်ဆံအလိပ်လိုက်ကို အံဆွဲထဲမှ ချက်ချင်းထုတ်၍ ရဲ့ကျိုးအပေါ် ပစ်ချလိုက်၏။

“မင်းက ငါ့ကို အရှက်တကွဲဖြစ်အောင် ပိုက်ဆံနဲ့  လုပ်ချင်တာလား?”
ရဲ့ကျိုးသည် အော်ဟစ်လိုက်၏။
“ငါမင်းကိုပြောလိုက်မယ် မင်းအောင်မြင်သွားပြီ!”
ရဲ့ကျိုးသည် စကားဆုံးအောင်ပြောပြီး အိပ်ရာပေါ်မှပိုက်ဆံအားလုံးကို ကိုယ်ပိုင်သီးသန့်လျှို့ဝှက်နေရာသို့ ထည့်လိုက်၏။

အဆုံးတွင် ရှန်းဂျင်သည် ခေါင်းငုံ့နေသဖြင့် ရှေ့ဆံပင်များက မျက်လုံးအားအပြည့်အဝဖုံးနေပြီဖြစ်သော ရဲ့ကျိုးအား လှည့်ကြည့်လိုက်၏။လက်လှမ်းကာ ဆံပင်အား သပ်တင်ပေးလိုက်၏။
“မင်းဆံပင်ညှပ်ရမယ်”

“တကယ်လား?”
ရဲ့ကျိုးသည် လျှို့ဝှက်သိမ်းဆည်းရာလေးအား ကိုင်ထားပြီး
“ခဏနေ ဆံပင်သွားညှပ်ကြတာပေါ့ လမ်းမှာ ငွေသွားသွင်းလို့ရတယ်”

ရှန်းဂျင်က မိသားစုထံမှ တစ်ပဲနိပင် မတောင်းသဖြင့် ရဲ့ကျိုးသည်လည်း စတင်၍ နှမြောတွန့်တိုတတ်လာ၏။ပိုက်ဆံကို အပိုသုံးခဲ့ဖူးသော်လည်း ယခုအခါ ပိုက်ဆံသုံးဆွဲပုံကို စတင်ချင့်ချိန်လာ၏။မိဘများကပေးသောပိုက်ဆံကိုပင် မထိတော့ပေ။

တစ်ချို့သောနေရာများတွင် နှစ်ယောက်သားသည် အံ့သြစရာကောင်းလောက်အောင် ဆင်တူကြ၏။

တစ်နေ့တွင် မိသားစုထံမှ နှင်ထုတ်ခံရနိုင်ချေရှိသည်ကို တွေးကာ ယခုအခါ မိသားစုမှခွဲထွက်နိုင်ရန် ကြိုးပမ်းရင်း ချွေတာတတ်နေပြီဖြစ်သည်။ဤပုံစံဖြင့်ဆိုလျှင် ထွက်သွားချိန်တွင် ပို၍ယုံကြည်ချက်ရှိပေလိမ့်မည်။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now