Chapter 5

8.2K 1.4K 29
                                    

Unicode
ဒါဘယ်လိုကံတရားမျိုးပါလိမ့်!

"မင်း… မင်းလည်း ဘာလို့Dမြို့ကိုသွားမှာလဲ!" ရဲ့ကျိုးသည်  သူဆံပင်အားကိုင်ဆွဲလိုက်သည်။ဘာလို့သူ့ဘဝက ရုတ်တရက်ကြီး ရှန်းဂျင်နဲ့ဆက်နွယ်လာရတာလဲ။သိသိသာသာပင် ကောလိပ်ပထမနှစ်၌ လူနှစ်ယောက်ကတစ်ယောက်နှင့်တစ်ယောက် စကားတစ်ခွန်းတောင်မပြောဖူးဘူးမလား?

"Dမြို့က ခရီးသွားမြို့တစ်ခုလေ"

သူ့ဇာတိမြို့ဖြစ်သည့် Dမြို့တွင် တောင်တန်းများရှိပြီး အစားအစာနှင့်ရေလည်းပေါသည်မဟုတ်လား။သူသည် သူ့ဇာတိမြို့အား အမြဲတမ်းဂုဏ်ယူနေခဲ့တာဖြစ်သည်။

စာရင်းမသွင်းမှီ နာရီဝက်ကျန်သေးသည်။ရဲ့ကျိုးနှင့်ရှန်းဂျင်သည်လှေကားလက်ရန်းအားမှီထားပြီး တစ်ယောက်ကသီချင်းနားထောင်နေ၍ တစ်ယောက်ကဖုန်းကြည့်နေသည်။ဤသည်မှာ လူနှစ်ယောက်အတွက် ရင်းနှီးကျွမ်းဝင်နိုင်ရန် အသင့်တော်ဆုံးပုံစံဖြစ်သည်။တကယ်တော့ လူနှစ်ယောက်ကလုံးဝမရင်းနှီးပါ။အကယ်၍ အခြားသူသာဆိုလျှင် ရဲ့ကျိုးသည်တစ်ဖက်လူနှင့်သိကျွမ်းနိုင်ရန် အချိန်အနည်းငယ်ကုန်ဆုံးမည်ဖြစ်သည်။သို့သော် ထိုအုံကြွမှု၏တရားခံအမျိုးသားဖြစ်သည့် ရှန်းဂျင်ကိုတော့ သူတို့အသိတစ်ယောက်မှထိုနေရာတွင်ရှိမနေလျှင်တောင် အမှန်ပင်ဝေးလေကောင်းလေဖြစ်သည်။

စာရင်းသွင်းပြီးရုံအတွင်းသို့ဝင်လိုက်ရင်း လမ်းတစ်လျှောက် တိတ်ဆိတ်စွာနေခဲ့၏။

ရဲ့ကျိုးသည် သူ၏ခုံအားအရင်ယူလိုက်ပြီး ရှန်ဂျင်အားကြည့်၍ ယဥ်ကျေးစွာဖြင့် "ငါ့ခုံကဒီမှာ"

ရှန်းဂျင်သည် အသိအမှတ်ပြုကြောင်း ညည်းလိုက်ပြီး ရှေ့သို့ဆက်သွားခဲ့၏။

ရဲ့ကျိုးသည် နောက်လှည့်ကြည့်လိုက်ပြီး ရှန်းဂျင်ထိုင်လိုက်သည်ကိုမမြင်မချင်း မထိုင်သေး။

ရထားပေါ်တွင် သူကဲ့သို့ အားလပ်ရက်ရှည်အတွက်အိမ်ပြန်နေကြသည့် ကောလိပ်ကျောင်းသားများရှိသည်။ရဲ့ကျိုးသည် ခေါင်းကိုထောက်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းအားမှင်သက်စွာကြည့်နေသည်။

လူတိုင်းက ငါသူ့ကိုကြိုက်နေတယ်လို့ထင်ကြတယ်[ဘာသာပြန်]Where stories live. Discover now